World Alzheimer’s Day ကို နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်နေ့တွင်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Ask about Dementia. Ask about Alzheimer’s” ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ အယ်လ်ဇိုင်းမား အဖွဲ့အစည်းများသည် အယ်လ်ဇိုင်းမားရောဂါနှင့်ပတ်သက်ပြီး သတိပြုမိစေရန်၊ အသိပေးမှု တိုးမြှင့်စေရန်၊ အယ်လ်ဇိုင်းမားရောဂါနှင့် အခြား Dementia အမျိုးအစားရောဂါများအကြောင်းအသိပညာနှင့် နားလည်မှုတိုးမြှင့်ရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ 


၁၉၀၁ ခုနှစ်တွင် ဤရောဂါကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သော ဂျာမန်စိတ်ရောဂါကု ဆရာဝန်တစ်ဦး၏အမည်ဖြစ်သော ”အဲလွိုက်အယ်လ်ဇိုင်းမား”ကို အစွဲပြုပြီး “အယ်လ်ဇိုင်းမား”ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါသည်။
အယ်လ်ဇိုင်းမားရောဂါသည် စိတ်ပိုင်းဆိုင်ရာရောဂါများထဲမှ တစ်ခုဖြစ်ပြီး မှတ်ဉာဏ်ကိုထိခိုက်ခြင်းကြောင့် နေ့စဉ် လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သောရောဂါတစ်မျိုးဖြစ်ပါသည်။ ၎င်းရောဂါသည် တဖြည်းဖြည်း အသက်အရွယ် ကြီးခြင်းကြောင့်သော်လည်းကောင်း၊ နာတာရှည် စိတ်ဖိစီးမှုကြောင့်သော်လည်းကောင်း၊ အခြားကျန်းမာရေးအခြေ အနေကြောင့်သော်လည်းကောင်း လူတိုင်းကိုထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့် အယ်လ်ဇိုင်းမားကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ကျင်းပပြုလုပ်သော World Alzheimer’s Day အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 09441144886 (Officer Hour)
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
