
World Health Day (April – 7)ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသောဘဝများ ပိုင်ဆိုင်နိုင်စေရန်အတွက် ၂၀၂၆ ခုနှစ် ဧပြီလ (၇)ရက်နေ့ တွင်ကျရောက်သော “World Health Day” အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။ ယခုနှစ် World Health Day ၏ဆောင်ပုဒ်မှာ “Building a Healthier World for All,” ဖြစ်ပါသည်။ ကျန်းမာရေး စိန်ခေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အရည်အသွေးမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှုများလူတိုင်းရရှိရန် ကျန်းမာသောကမ္ဘာကြီးတစ်ခုဖန်တီးနိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပသောနေ့တစ်နေ့ဖြစ်ပါသည်။