⛳World Kidney Day Celebration
၂၀၂၄ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင်ကျရောက်သော World Kidney Day (ကမ္ဘာ့ကျောက်ကပ်နေ့) သည် ကျောက်ကပ်၏ အရေးပါမှုကိုသိရှိစေရန်အတွက် ကျောက်ကပ်နှင့်ပတ်သက်ပြီးကျန်းမာရေးပြဿနာများကို မည်သို့ ကာကွယ်သင့်ကြောင်း၊ ကျောက်ကပ်ရောဂါဖြင့် အသက်ရှင်နေထိုင်သူများအား မည်သို့စားသောက်နေထိုင်သင့်ကြောင်းကို သိရှိစေရန်နှင့် ကျောက်ကပ်ရောဂါခံစားရလျှင် လူတစ်ဦး၏ဘဝကို မည်သို့ထိခိုက်နိုင်ကြောင်းတို့ကို အသိပေးမှုတိုးမြှင့်စေရန် ရည်ရွယ်ချက်ဖြင့်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
🔷World Kidney Day ကို (၂၀၀၆)ခုနှစ်တွင် International Society of Nephrology (ISN)နှင့် International Federation of Kidney Foundation (IFKF) တို့ကစတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ (၂၀၂၄)ခုနှစ် ကမ္ဘာ့ ကျောက်ကပ်နေ့၏
ဆောင်ပုဒ်မှာ “Kidney Health for All: Advancing Equitable Access to Care and Optimal Medication Practice” ဖြစ်ပါသည်။ ထိုကြောင့် ကျောက်ကပ်နှင့်ပတ်သက်၍ ကျန်းမာရေး ဗဟုသုတရရှိစေပြီး ကျောက်ကပ်ရောဂါကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ ကျင်းပသော World Kidney Day အား ပါဝင်လှုံ့ဆော်သောအားဖြင့် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး၏လှုပ်ရှားမှုပုံရိပ်များကို ဝမ်းမြောက်စွာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။![]()
![]()
ဗဟိုရ်စည်ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သော “World Kidney Day” အားဂုဏ်ပြုသောအားဖြင့်တက်ရောက်ကြသော ဗဟိုရ်စည်ဆေးရုံကြီး၏ MD, Executive Directors များနှင့်တကွ သက်ဆိုင်ရာဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဧည့်သည်တော်များကို အထူးကျေးဇူးတင်ရှိပါသည်။
World Kidney Day ဂုဏ်ပြုပွဲအတွက် Sponsor ပေးသည့် Abbott Nutrition – Pahtama Group Co.,Ltd အား ဗဟိုရ်စည်ဆေးရုံကြီးကအထူးပင် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4504, 4505, 4001, 4002, 4010
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com










