World Mental Health Day-2025ကမ္ဘာ့စိတ်ကျန်းမာရေးနေ့သည် နှစ်စဉ်အောက်တိုဘာလ (၁၀) ရက်နေ့တွင် ပုံမှန်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကမ္ဘာတစ် ဝန်းရှိစိတ်ကျန်းမာရေးပြဿနာများနှင့်ပတ်သက်ပြီး အသိပေးမှုတိုးမြှင့်စေရန်၊ စိတ်ကျန်းမာရေး အခြေနေပေါ်မူတည် ၍ အချိန်မတန်မီ သေဆုံးရခြင်းများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ကျင်းပပြုလုပ် ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Access to services – mental health in catastrophes and emergencies.” ဖြစ်ပါသည်။ စိတ်ကျန်းမာရေးသည် ခန္ဓာကိုယ်ကျန်းမာရေးကဲ့သို့ပင် အရေးကြီးသောကြောင့် ကျန်းမာရေးတိုးတက် ကောင်းမွန်စေရန် လိုအပ်သောအခြေအနေများကို ဝိုင်းဝန်ကူညီ စောင့်ရှောက်ပေးကြပါစို့ဟုပြောကြားရင်း အောက်တိုဘာ (၁၀)ရက် နေ့ တွင်ကျရောက်သော World Mental Health Day အား ဗဟိုရ်စည်ဆေးရုံကြီးကဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”