🌎World Physical Therapy Day-2025🌎

၂၀၂၅ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့တွင် နှစ်စဉ်ကျင်းပပြုလုပ်သော World Physical Therapy Day သည် ကမ္ဘာပေါ်ရှိ အကြောအဆစ်ပညာရှင်များ၏ အရေးပါမှုနှင့်စွမ်းဆောင်ရည်တို့အား ဂုဏ်ပြုသောအားဖြင့် ကျင်းပသော နေ့တစ်နေ့ဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Healthy Ageing” ဖြစ်ပါသည်။ အကြောအဆစ်နှင့် ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေးအတွက် လူနာများပုံမှန် ကျန်းမာသန်စွမ်းသော လူနေမှုဘဝများပြန်လည်ရရှိရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အကြောအဆစ် ပြန်လည်သန်စွမ်းရေးပညာရှင်များ၏ ကြိုးစားအားထုတ်မှုနှင့် အရေးပါမှုတို့ကို ချီးကျူးဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးက World Physical Therapy Day အားဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

#Bahosihospital #worldphysiotherapyday2025 #healthylifestyle

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”