🐕‍🦺 World Rabies Day 2026 (ကမ္ဘာ့ခွေးရူးပြန်ရောဂါကာကွယ်ရေးနေ့) 🐕‍🦺

စက်တင်ဘာလ (၂၈) ရက်နေ့သည် ကမ္ဘာတစ်ဝန်းတွင် ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရေးနှင့် အသိပညာပေးရေးအတွက် နှစ်စဉ် ကျင်းပပြုလုပ်သည့်နေ့တစ်နေ့ ဖြစ်ပါသည်။ ဤနေ့သည် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ပထမဆုံး အောင်မြင်စွာ တီထွင်ဖန်တီးခဲ့သူ ပြင်သစ် ဓာတုဗေဒနှင့် အဏုဇီဝဗေဒပညာရှင်ကြီး Louis Pasteur (လူးဝစ် ပါစတာ) ကွယ်လွန်သည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် သတ်မှတ်ထားခြင်းဖြစ်ပါသည်။
၂၀၂၆ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “Stronger Together” ဖြစ်ပါသည်။

ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့သည် လူနှင့်တိရစ္ဆာန်များအပေါ် ခွေးရူးပြန်ရောဂါ၏ အန္တရာယ်ကြီးမားပုံကို ပိုမိုသတိပြုမိစေရန်၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို သိရှိစေရန်နှင့် ရောဂါထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တစ်ဦးချင်းမှသည် အများအဖွဲ့အစည်းအထိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ခွေးရူးပြန်ရောဂါကင်းစင်သည့် လူ့ဘောင်အဖွဲ့အစည်း ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ကျင်းပသော World Rabies Day အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

#BahosiHospital #ဗဟိုရ်စည်ဆေးရုံကြီး #worldrabiesday🐕️💉💉 #ကျန်းမာရေးအသိပညာပေးဗဟုသုတများ

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”