World Radiography Day 2024 – Celebration 

“World Radiography Day” သည် နှစ်စဉ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပြပြီး X-rays ကိုစတင် ရှာဖွေ တွေ့ရှိခဲ့သော ရူပဗေဒသိပ္ပံပညာရှင် Professor Wilhelm Conrad Röntgen ကိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော နေ့တစ်နေ့ ဖြစ်ပါသည်။ ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေခြင်းများတွင် ပုံရိပ်ဖော်ရောဂါရှာဖွေခြင်းများ၏ အရေးပါမှုကို ပေါ်လွင်စေရန်နှင့် ခေတ်သစ်ကုထုံးများတွင် ရေဒီယိုဓာတ်ရောင်ခြည်ပညာဖြင့် ရောဂါရှာဖွေ ကုသမှု၏ အရေးပါ သော အခန်းကဏ္ဍနှင့်ပတ်သက်ပြီး တစ်ကမ္ဘာလုံးသိရှိစေရန်ရည်ရွယ်၍ ကျင်းပသော နေ့တစ်နေ့ ဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Radiographers: Seeing the Unseen” ဖြစ်ပါသည်။

ထို့ကြောင့် X-rays စတင်ရှာဖွေတွေ့ရှိခဲ့သော ရူပဗေဒသိပ္ပံပညာရှင် Professor Wilhelm Conrad Röntgen နှင့်တစ်ကွ ကမ္ဘာတစ်ဝန်းရှိ ဓါတ်မှန်ပညာရှင်များအားလုံး၏တန်ဖိုးကို ဂုဏ်ပြုသောအားဖြင့် World Radiography Day အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“World Radiography Day” အထိမ်းအမှတ်အဖြစ် ဗဟိုရ်စည်ဆေးရုံကြီးတွင် တာဝန်ကျေပွန်စွာထမ်း ဆောင်နေသော Radiographers များကိုလည်း ဆုတံဆိပ်များချီးမြှင့်ခြင်းဖြင့် ဂုဏ်ပြုလိုက်ရပါသည်။ 🎉 🎉 🎉

💐ဗဟိုရ်စည်ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သော “World Radiography Day” အားဂုဏ်ပြုသောအားဖြင့် တက် ရောက်ချီးမြှင့်ကြသော ဗဟိုရ်စည်ဆေးရုံကြီး၏ Managing Director, HR Director, Admin Director, Clinical Director, Asst Chief Clinical Officers များနှင့်တကွ ဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

“World Radiography Day” ဂုဏ်ပြုပွဲအတွက် ပါဝင်ကူညီပေးသည့် AMTT Co.,Ltd အား ဗဟိုရ်စည်ဆေးရုံကြီးကအထူးပင် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”