🌸ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်🌸
 
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်သည် နွေဥတု၏နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်များမှာ “ ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ” ဆိုသည်နှင့်အညီ ထိုနေ့တွင် ဗုဒ္ဓဘုရားရှင် ဗျာဒိတ်ခံယူခြင်း၊ ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူခြင်း၊ ဘုရားအဖြစ်သို့ရောက်တော်မူခြင်း၊ ဗုဒ္ဓဝင်အကျဉ်းဟောခြင်း၊ ပရိနိဗ္ဗာန် စံတော်မူခြင်း စသည်တို့ဖြင့် ပြည့်စုံနေသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့ အချိန်အခါသမယမှစ၍ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနှင့်အတူ ကမ္ဘာတစ်ဝန်းလုံးမှာရှိကြသော လူသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ကပ်ကြီး(၃)ပါးနှင့်တကွ ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ကာ စီးပွားလာဘ်လာဘများ တိုးတက်ကောင်းမွန်ပြီး ကံကောင်းခြင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေ လို့ ဗဟိုရ်စည်ဆေးရုံကြီးက ဆုတောင်း မေတ္တာပို့သအပ်ပါသည်ခင်ဗျာ။🙏🙏🙏

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”