ကမ္ဘာ့ရင်ကြပ်ပန်းနာရောဂါအထိမ်းအမှတ်နေ့သည် နှစ်စဉ် မေလ၏ ပထမဆုံးအင်္ဂါနေ့တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် ရင်ကြပ်ပန်းနာရောဂါနှင့်ပတ်သက်၍ သတိထားစေရေးအသိပေးမှုတိုးမြှင့်စေရန်၊ သေဆုံးမှုတို့ကို သတိပြုမိစေရန်နှင့် လူနာများအားအကောင်းဆုံးကုသမှုပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
ယခုနှစ်၏ဆောင်ပုဒ်မှာ“Access to antiinflammatory inhalers for everyone with asthma – still an urgent need.” ဖြစ်ပါသည်။ WHO ၏အဆိုအရ ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၂၃၅ သန်းကျော်သည် Asthma ရောဂါကို ခံစားနေကြရသည် ဟုဆိုထားပါသည်။ ထို့ကြောင် Asthma ရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်နိုင်စေရန်အတွက် မေလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော World Asthma Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။