🌕တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့🌕
မြန်မာလူမျိုးတို့၏ (၁၂)လ ရာသီပွဲတော်များထဲတွင် တန်ဆောင်မုန်းလပြည့်နေ့ 🎆🎆တန်ဆောင်တိုင် မီးထွန်းပွဲ တော် သည်လည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။ ဘုရားရှင်သည် အဇာတသတ်မင်းကြီးအားအမှူးပြုပြီး ပရိသတ် အပေါင်းတို့အား တန်ဆောင်မုန်းလပြည့်နေ့တွင် “သာမညဖလသုတ္တန်” တရားတော်ကို ဟော်ကြားတော်မူခဲ့သော ကြောင့် ထိုနေ့ကို “သာမညဖလ” အခါတော်နေ့ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ “သာမညဖလ” ၏အဓိပ္ပါယ်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟု အဓိပ္ပါယ်ရပါသည်။ တန်ဆောင်မုန်းလပြည့်ညတွင် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်ပွဲတော်ကျင်းပကြပြီး ထိုနေ့တွင် ကထိန်သင်္ကန်းကပ်လှူရသောနေ့လည်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်တိုင်အခါသမယမှာ ကမ္ဘာသူကမ္ဘာသားအားလုံးနှင့် မြန်မာနိုင်ငံသူနိုင်ငံသား အားလုံး အနာရောဂါကင်းဝေးပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရန် ဗဟိုရ်စည်ဆေးရုံကြီးမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”