World AIDS Day
၁၉၈၈ခုနှစ်မှစ၍ နှစ်စဉ် ဒီဇင်ဘာ ၁ရက်နေ့သည် ကမ္ဘာတစ်ဝန်းရှိ အိပ်ချ်အိုင်ဗွီကူးစက်ရောဂါကို အဆုံးသတ်ရန် အတူတကွပူးပေါင်းပါဝင်သော နေ့တစ်နေ့ဖြစ်ပါသည်။ အိပ်ချ်အိုင်ဗွီပိုးရှိသူများကိုထောက်ပံ့ ပေးရန်၊ ကူးစက်ရောဂါပျံ့နှံ့မှုကြောင့် အသက်ဆုံးရှုံးသူများကိုသတိရစေရန်နှင့် AIDS ရောဂါကိုပိုမိုသိရှိပြီးကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်သည့် နိုင်ငံတကာနေ့တစ်နေ့လည်းဖြစ်ပါသည်။ အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်ပိုးသည် ကိုယ်ခံအားစနစ်အား တိုက်ခိုက်ပြီး အခြားရောဂါများ ဝင်ရောက်စေနိုင်သောကြောင့် ကာကွယ်ရေးနှင့် ထိန်း ချုပ်ရေးအသိပညာများတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့ AIDS နေ့၏ ဆောင်ပုဒ်မှာ “Putting Ourselves to the Test: Achieving Equity to End HIV” ဖြစ်ပါတယ်ခင်ဗျာ။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းမှ လူတစ်ဦးချင်းစီနှင့်အတူ ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းများမိသားစုမှ World AIDS Day အားကြိုဆို ဂုဏ်ပြုလိုက်ရပါ တယ်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”