Imaging Department

02

ဗဟိုရ်စည်ဆေးရုံကြီးသို့ ကျန်းမာရေးအတွက် လာရောက်ကျသော မိဘပြည်သူများအား ခန္ဓာကိုယ်အတွင်းရှိရောဂါများရှိမရှိစစ်ဆေးဖို့ရန်အတွက် Imaging Department မှ ကျွမ်းကျင်သောဆရာဝန်၊ဆရာမ များ၊ ဝန်ထမ်းများနှင့် ခေတ်မီသော နောက်ဆုံးပေါ်စက်ကိရိယာကြီးများဖြစ်တဲ့ နိုင်ငံတကာမှတင်သွင်းသော စက်ကြီးများကိုအသုံးပြုကာ မိဘပြည်သူများ၏ကျန်းမာရေးလိုအပ်ချက်များကို (၂၄)နာရီအတွင်း အကောင်းဆုံးဝန်ဆောင်မှုပေးကာ ရောဂါရဲ့အစောဆုံးအဆင့်၊ရောဂါအခြေအနေတွေကို ပုံရိပ်ဖေါ်ပေးခြင်းဖြင့် စစ်ဆေးဆောင်ရွက်ပေးနေပါသည်။ဗဟိုရ်စည်ဆေးရုံကြီး၏ ဓါတ်မှန်နှင့်ပုံရိပ်ဖော်ရောဂါရှာဖွေးရေးဌာနတွင် ပြုလုပ်ရရှိနိုင်သည့် ဝန်ဆောင်မှုများနှင့် မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ

စသည့်ပုံရိပ်ဖော်ခြင်းများကိုကျွမ်းကျင်သောဓါတ်မှန်ဆရာဝန်၊ဆရာမများနှင့်အရည်အသွေးပြည့်မီသောဝန်ထမ်းများကအကောင်းဆုံးဝန်ဆောင်မှုပေးကာဆောင်ရွက်ပေးနေပါသည်။

X-Ray(Digital) (ဓါတ်မှန်ရိုက်ခြင်း)

ထိခိုက်ဒဏ်ရာရရှိသူများ၊ အချို့သောအကျိတ်အမျိုးအစားများအဆုတ်ရောင်ရောဂါ(သို့မဟုတ်)တီဘီရောဂါ များ ရှိမရှိကို နိုင်ငံတကာအဆင့်မီသော စက်ကြီးများဖြစ်သည့် ဂျပန်နိုင်ငံမှတင်သွင်းသော 630mA-SHIMADZU RAD Speed စက်ကြီးများဖြင့် အကောင်းဆုံးပုံရိပ်ဖေါ်ပြီး (၂၄)နာရီအတွင်းဝန်ဆောင်မှုပေးနေပါသည်။ Mobile X-ray စက်ကြီးများဖြင့်လည်း ဗဟိုရ်စည်ဆေးရုံကြီးရှိရောဂါပြင်းထန်တဲ့လူနာတွေ၊X-ray ဌာနသို့လာရောက်၍မရိုက်နိုင်သောလူနာများအတွက်လည်းအခန်းတွင်းဝင်ဆောင်မှုပေးပြီးဆောင်ရွက်ပေးနေပါသည်။

ECG (နှလုံးစစ်ဆေးခြင်း)

ရင်တုန်၊နှလုံးခုန်မမှန်ခြင်း၊ရင်ဘက်အောက်ခြင်း၊ရင်ဘက်အဆင်မပြေမှု များ(သို့မဟုတ်)အခြားရောဂါလက္ခဏာများကြောင့်ဆေးကုသမှုများအတွက်အထူးကုဆရာဝန်ကြီးများ၏ညွှန်ကြားချက်အတိုင်းအကောင်းဆုံးဝန်ဆောင်မှုပေးကာစစ်ဆေးပေးနေပါသည်။

Echocardiogram(နှလုံးဓါတ်မှန်ရိုက်ခြင်း)

မောပန်းခြင်း၊ အသက်ရှုရတာအဆင်မပြေဖြစ်ခြင်းနှင့် မေ့မြောခြင်းကဲ့သို့သော ရောဂါလက္ခဏာများကြုံတွေ့လာရရင် Echo ရိုက်သင့်ပြီး သက်ဆိုင်ရာဆရာဝန်၊ ဆရာမများနှင့် တိုင်ပင်ဆွေးနွေးကာကုသမှုခံယူသင့်ပါသည်။ Echo ရိုက်ခြင်းဖြင့် နှလုံးကြွက်သားတွေရဲ့လှုပ်ရှားမှု ပုံမှန်ဟုတ်မဟုတ်၊ နှလုံးသွေးကြောနှင့်နှလုံးတည်ဆောက်ပုံ၊ နှလုံးစည်းချက်ကိုလေ့လာရန်နှင့်လုပ်ဆောင်မှုတို့ကို ခွဲခြားသိစေရန်အတွက် သိရှိနိုင်ပါသည်။ ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် နိုင်ငံတကာအဆင့်မီ ဂျပန်နိုင်ငံမှတင်သွင်းသော  APLIO300 TUSA TOSHIBA JAPAN စက်ကြီးများကိုအသုံးပြုကာ ကျွမ်းကျင်သောဓါတ်မှန်ဆရာဝန်၊ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာ (၂၄)နာရီဆောင်ရွက်ပေးနေပါသည်။

C-Arm(ခွဲစိတ်ကုသမှုဓါတ်မှန်ရိုက်ခြင်း)

အထွေထွေခွဲစိတ်ကုသမှုများ၊ အာရုံကြောဆိုင်ရာရောဂါများ၊ ဆီးနှင့်ကျောက်ကပ်ခွဲစိတ်မှုများ၊ အရိုးအကြောခွဲစိတ်ကုသမှုများကို ခွဲစိတ်နေချိန်အတွင်းဓါတ်မှန်ရိုက်ခြင်းအတွက် ကျွမ်းကျင်ပြီးအတွေ့အကြုံရှိသောအထူးကုဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာဆောင်ရွက်ပေးနေပါသည်။

 

 

CT Scanကို ရိုးရိုးရိုက်ခြင်းနှင့် ဆေးထိုး/ဆေးသွင်းရိုက်ခြင်းဟူ၍နှစ်မျိုးရှိပါသည်။ရိုးရိုးရိုက်ခြင်းကို(NECT) Non-Enhancement CT နှင့်  ဆေးထိုးဆေးသွင်းရိုက်ခြင်း(CECT) တို့ကို သက်ဆိုင်ရာဆရာဝန်များ၏ညွှန်ကြားချက်အတိုင်း ဓါတ်မှန်ဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာဆောင်ရွက်ပေးနေပါသည်။

CT(ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း)

ဗဟိုရ်စည် CT ဌာနတွင် USA နိုင်ငံထုတ် (128-Slice CT Optima CT 660 with ASIR)စက်ကြီးများဖြင့် ဓါတ်ရောင်ခြည်သင့်မှုကို အနည်းဆုံးဖြစ်အောင်လျှောချပေးပြီး လူနာများ၏ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို ရှု့ထောင့်အမျိုးမျိုးမှ ကွန်ပျူတာနည်းပညာ အကူအညီဖြင့် Multiplanner Reconstruction (MRI)ပုံရိပ်များ ၊ 3Dပုံရိပ်များ ကိုအသုံးပြုကာရောဂါရှာဖွေ၍ ပုံရိပ်များကိုကြည်လင်ပျက်သားစွာရိုက်ကူးပေးနေပါသည်။

Ultrasound(USG)(တယ်လီဗေးရှင်းဓါတ်မှန်ရိုက်ခြင်း)

ကိုယ်ဝန်ဆောင်မိခင်များရဲ့သားအိမ်တွင်း ကြီးထွားလာတဲ့ သန္ဓေသားရဲ့ အရွယ်အစား ပုံသဏ္ဠာန်များနှင့် ခန္ဓာကိုယ်အတွင်းပိုင်းတည်ဆောက်ပုံများခန္ဓာကိုယ်အပေါ်ပိုင်းနှင့်ခန္ဓာကိုယ်အောက်ပိုင်းရှိအဓိကအတွင်းပိုင်းအင်္ဂါအစိတ်အပိုင်းများ၏ပုံစံနှင့်ဖွဲ့စည်းပုံတို့ကို သိရှိရန်အတွက်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင်

  • Japan နိုင်ငံမှတင်သွင်းသော Xario CUS-X200G Canon Toshiba Japan၊
  • USA မှတင်သွင်းသော LOGIQ P6 USA၊
  • USG Portable အတွက် နိုင်ငံတကာအဆင့်မီ USA မှတင်သွင်းသော LOGIQ V2 USA   စက်ကြီးများဖြင့်များဖြင့် ကျွမ်းကျင်သောဓါတ်မှန်ဆရာဝန်၊ဆရာမများနှင့်အရည်အသွေးပြည့်မီသောဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာဆောင်ရွက်ပေးနေပါသည်။ TVS – (Transvaginal Ultrasound) နှင့် HSG – (Hystero Salpingo Gram) အတွက်လည်း ကြိုတင်ရက်ချိန်းယူရန်လိုအပ်ပါသည်။

Colour Doppler(သွေးကြောဓါတ်မှန်ရိုက်ခြင်း)

ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ သွေးကြောများအတွင်းအညစ်အကြေးများ(သို့)သွေးလွှတ်ကြောအတွင်း သွေးစီးဆင်းမှုကိစ္စရပ်များကိုစစ်ဆေးရန်နှင့် သွေးကြောပိတ်မပိတ်ကိုအဓိကသိရှိစေရန် တို့ကို Colour Doppler ရိုက်ခြင်းဖြင့်စစ်ဆေးဆောင်ရွက်ပေးနေပါသည်။