WELCOME To Bahosi Hospital

Bahosi Hospital is a free standing Multi-Disciplinary Specialist Centre located at Building no . 31-36,1-2, 5-6, and 37-38, Bahosi Housing Complex , Wardan Street , Lanmadaw Township, Yangon, Myanmar. It is a complex of 6 stories- 4 Building Hospital.Our mission is to provide a comprehensive cost effective health care delivery system. For the convenience of our patients, a wide range of services are made easily accessible within the complex, making this a one stop Hospital.

This Bahosi Hospital is founded by Pioneer Services International Company Limited since 1st July 1994.PSI Co., Ltd. is organized by a group of prominent medical specialists in various disciplines, medical technologists and business entrepreneurs of Myanmar, with a view to develop a quality health care system in private sectors.

ဗဟိုရ်စည် ဆေးရုံမှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါသည်

ဗဟိုရ်စည်ဆေးရုံကို (၁၉၉၄) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး “လူသားအားလုံး ကျန်းမာစေချင်သည့် ဗဟိုရ်စည် (Health for All) ” ဟူသော ဆောင်ပုဒ်ဖြင့် လူနာများအား ကျန်းမာရေးဝန်ဆောင်မှုများပေးလျှက် ရှိပါသည်။ ဗဟိုရ်စည်ဆေးရုံသည် ခုတင် (၁၈၀) ဆေးရုံဖြစ်ပြီး လမ်းမတော်မြို့နယ် ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းနှင့် ၀ါးတန်းလမ်းထောင့်ရှိ ဗဟိုစည်ရ် အိမ်ယာဝင်းအတွင်း တည်ရှိပါသည်။ ၀ါးတန်းလမ်းဘက်မှ ၀င်လိုက်သည်နှင့် ပေါ်တီကိုအောက်တွင် အသင့်စောင့်ဆိုင်းနေသော လေ့ကျင့်သင်ကြားထားသည့် ၀န်ထမ်းများမှ ခရီးဦးကြိုပြုပါသည်။ လူနာအား ကူ၍တွဲကာ OPD(ပြင်ပလူနာ) ပြသမည့်သူဆိုလျှင် ဘယ်ဘက်အဆောက်အဦး (Building B) သို့သွားရန် ၊ ဆေးရုံတက်မည့် လူနာဖြစ်ပါက ညာဘက်အဆောက်အဦး (Building-A) သို့သွားရန် လိုက်လံပို့ဆောင် ညွှန်ပြပေးပါသည်။ကားမောင်းသူကို အဆင်ပြေစွာ ယာဉ်ရပ်နားနိုင်ရန် စီစဉ်ပေးပါသည်။
ဘယ်ဘက်အဆောက်ဦး (Building-B) ၀င်ဝင်ချင်းတွင် ဧည့်ကြိုဌာန (Reception) ရှိပါသည်။မည်သည့် အထူးကုဆရာဝန်ကြီးနှင့် ပြသလိုသည်ကိုပြော၍ မေးမြန်းစုံစမ်းနိုင်ပါသည်။မိမိတွေ့ဆုံလိုသော အထူးကုဆရာဝန်ကြီးများ ရှိ /မရှိ ၊ မည်သည့် အချိန်တွင် ရှိသည်တို့ကို မေးမြန်း၍ ဘွတ်ကင်(Booking) ယူနိုင်ပါသည်။ ဖုန်းဖြင့်ကြိုဆက်၍ ဘွတ်ကင်ယူသူများလည်း ရှိပါသည်။ မိမိတွေ့ဆုံလိုသော ဆရာဝန်ကြီးရှိပါက ဆရာဝန်ကြီးရှိရာ အထပ်သို့ ညွှန်ပြပေးမည်ဖြစ်ပါသည်။

More>>