🐕‍🦺World Rabies Day

စက်တင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်သော 🐕‍🦺World Rabies Dayကို တစ်ကမ္ဘာလုံးတွင် နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ရှိပါသည်။ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ပထမဆုံးတီထွင်ခဲ့သော ပြင်သစ်ဓာတုဗေနှင့် အဏုဇီဝ ဗေဒပညာရှင် (Louis Pasteur) သေဆုံးခြင်း နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုသောအားဖြင့် ထိုနေ့ကို World Rabies Day အဖြစ်နှစ်စဉ်ကျင်းပခဲ့ပါသည်။ ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့သည် လူနှင့်တိရိစ္ဆာန်များအပေါ် ခွေးရူးပြန်ရောဂါ၏ အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ အသိပေးမှုတိုးမြှင့်စေရန်၊ ရောဂါကိုမည်သို့ကာ ကွယ်နိုင်ကြောင်းနှင့် ရောဂါ ထိန်းချုပ်ရေးကြိုးပမ်းအားထုတ်မှုများကိုတိုးမြှင့်စေရန် ရည်ရွယ်၍ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ခွေးရူးပြန်ရောဂါကင်းစင်စေရန် ရည်ရွယ်၍ကျင်းပသော World Rabies Day အား ဗဟိုရ်စည်ဆေးရုံကြီးဝန်ထမ်းများမိသားစုမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”