🌏World Polio Day

ကမ္ဘာ့ ပိုလီယိုနေ့သည် နှစ်စဉ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ပိုလီယိုရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပေါ်လာပြီး အာရုံကြောစနစ်ကိုတိုက်ခိုက်ကာ မသန်စွမ်းမှုများနှင့် လူကိုပါသေစေနိုင်သည့် အန္တရာယ်ရှိသော ရောဂါတစ်ခုဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “World Polio Day 2023 and Beyond: A healthier future for mothers and children.” ဖြစ်ပါသည်။ ထို့ကြောင့် ကလေးများတွင် ပိုလီယိုကင်းစင်ပြီး မိခင်နှင့်ကလေးများအနာဂတ်ကျန်းမာရေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ကျင်းပသော World Polio Day အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”