🙏မင်္ဂလာပါခင်ဗျာ🙏
ဗဟိုရ်စည်ဆေးရုံကြီးတွင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ နှစ်ရှည်စွာ ယခုလက်ရှိအချိန်ထိ Main Medical Store တွင် တာဝန်ကျေပွန်စွာ လက်တွဲလုပ်ကိုင်နေသော (Senior Asset Control Officer) အစ်မ ဒေါ်သန္တာအေးအား ဝန်ထမ်းလုပ်သက်(၂၅)နှစ်ပြည့်မြောက်သည့်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏မိသားစု ဝင်တစ်ဦးအနေဖြင့် ဝမ်းမြောက်စွာ ဆုချီးမြှင့်ခြင်းဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။🎆🎇 💐
 
💐မင်္ဂလာပါ အစ်မနာမည်ကတော့ ဒေါ်သန္တာအေးဖြစ်ပါတယ်။ ဗဟိုရ်စည်ဆေးရုံကြီးမှာ အလုပ်သင် (အစမ်းခန့်) စတင်တာဝန်ထမ်းဆောင်ခဲ့သော အချိန်မှာ (၁၉၉၇) ခုနှစ် ဖြစ်ပြီး (၂၀၂၃) ခုနှစ်မှာ (၂၅) နှစ် ပြည့်ခဲ့ပါတယ်။ Computer ဌာနတွင် (Main Medical Store) နှင့် Department များ၏ Inventory အား Computer System နှင့်သုံးကာလုပ်ဆောင်ပေးခဲ့ရပါတယ်။ Inventory & Stock Control အတွက်ကို Assistant ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ (၂၀၁၉) ခုနှစ်မှာ Lab Main Store နှင့် Inventory of Lab Department တို့ကိုထပ်တိုးတာဝန်ယူ လုပ်ဆောင်ပေးရပါတယ်။ (၁၉၉၇) ခုနှစ်မှ (၂၀၂၃) ခုနှစ်အထိကို (Main Medical Store), Lab Main Store, Lab Department နှင့် Pharmacy အပါအဝင် Department (30) ကျော်၏ Stock နှင့်ပတ်သက်သောကိစ္စများကို လုပ်ဆောင်ပေးရပါတယ်။ (၁၉၉၉) ခုနှစ်မှာ ဗဟိုရ်စည်ဆေးရုံမှ ချီးမြှင့်သော အကောင်းဆုံး ဝန်ထမ်းဆုကိုရရှိခဲ့ပါတယ်။ (၁.၄.၂၀၁၄) ရက်နေ့မှာ Assistant Officer, Asset Control ရာထူး၊ (၁.၁.၂၀၁၇) ရက်နေ့မှာ Asset Control Officer ရာထူး နှင့် (၁.၁.၂၀၂၃) ရက်နေ့မှာ Senior Asset Control Officer ရာထူးဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေပါတယ်။
 
💐လုပ်သက် (၂၅)နှစ်ကြာ ကျန်းမာစွာဖြင့် ငြီးငွေ့ခြင်းမရှိဘဲ (Main Medical Store), Lab Main Store, Pharmacy, Lab နှင့်ပတ်သက်သော Department များ၏ Stock Control ကိုပျော်ရွှင်စွာ လုပ်ဆောင်ပေးခဲ့ပါတယ်။ Pharmacy အပါအဝင် အခြားသောဆေးနှင့်ပတ်သက်သည့် Department များမှ ဌာနအကြီးအကဲများနှင့်လည်း Stock နှင့် ပတ်သက်သော လုပ်ငန်းများကိုလည်းဆောင်ရွက်ပေးခဲ့ပါတယ်။ အစ်မအနေနဲ့ အစ်မတာဝန်ယူလုပ်ဆောင်နေတဲ့ Main Medical Store နှင့် Department များ၏ နေ့စဉ် လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နေရခြင်းကလည်း ဗဟိုရ်စည်ဆေးရုံကြီး ရေရှည်တည်တံ့အောင် တစ်ဖက်တစ်လမ်းကလုပ်ဆောင်ခွင့်ရနေသည်ဟု ယုံကြည်ထားပါတယ်။
 
💐ဗဟိုရ်စည်ဆေးရုံကြီးမှ ဝန်ထမ်းများကိုအနာဂတ်သာယာရေး ရန်ပုံငွေ (Staff Provident Fund) ကိုဖွဲ့စည်းပေးခဲ့ပြီး ဝန်ထမ်းလုပ်သက်နှင့်စုသက်ပေါ်မူတည်ပြီး ဆေးရုံဘက်က ထပ်ဆောင်းငွေဖြည့်ဆည်းပေးခြင်း၊ နှစ်စဉ်မဲနှိုက်ပေးခြင်း၊ ငွေချေးယူနိုင်ခြင်းတို့ကို ၎င်းအဖွဲ့အစည်းမှ လုပ်ဆောင်ပေးခဲ့ပါတယ်။ လုပ်သက်(၂၀) အသက်(၆၀)ပြည့်ပါက လုပ်သက်ဆုကြေးငွေပေးခြင်းများလည်းရှိပါတယ်။ နှစ်စဉ် Bonus များလည်းထောက်ပံ့ပေးနိုင်ခြင်း Covid ကာလတွင်လစာပေးနိုင်ခြင်း၊ ရောဂါကာကွယ်ရေးအတွက် ပစ္စည်းများထောက်ပံ့ပေးခြင်း၊ ဝန်ထမ်းကာကွယ်ဆေးထိုးပေးခြင်းများကိုလည်း ပြုလုပ်ပေးပါတယ်။ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ မဲနှိုက်ခြင်း၊ နှစ်ပြည့်ဆု၊ ရက်မပျက်ဆုများကိုလည်း ဗဟိုရ်စည်ဆေးရုံကြီးကဝန်ထမ်းများအတွက် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေကိုတည်ထောင်ထားပြီး ဝန်ထမ်းများ၏ သာရေးနာရေး ကိစ္စများအတွက် ကူညီထောက်ပံ့မှုများ ရရှိခဲ့ပါတယ်။ ဝန်ထမ်းများ၏ကျန်းမာရေးအတွက် ဗဟိုရ်စည်ဆေးရုံဘက်မှ Discount များပေးခြင်း၊ ဝန်ထမ်း၏ရောဂါနှင့် ပတ်သက်သောဆေးများမျှဝေပေးခြင်း၊ အားဆေးများပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
 
💐မိမိတို့(Office) အတွက်သာရေးနာရေးကိစ္စများကိုကူညီပေးခဲ့ပါတယ်။ မွေးနေ့ကျရောက်သူတို့ကျွေးသောမုန့်များနှင့် ဆရာဝန်၊ ဆရာကြီးဆရာမကြီးများ၏ မွေးနေ့မုန့်များစားပြီးလည်း ပျော်ရွှင်ခဲ့ရပါတယ်။ မိမိ၏လုပ်ဖော်ကိုင်ဖက်များနှင့် (Main Medical Store) များ၏လုပ်ငန်းအတွင်း ကြုံတွေ့ရသောအခက်အခဲများကို ငြီးငွေ့မှုမရှိဘဲ စုပေါင်းဖြေရှင်းပေးခဲ့ရပါတယ်။ အလုပ်သင်(အစမ်းခန့်) ကာလမှ ဆယ်စုနှစ်နှစ်ခုကျော် ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်ရတဲ့ အကြောင်းကတော့ မိမိတာဝန် ထမ်းဆောင်ရသော (Main Medical Store) နှင့်ပတ်သက်သောလုပ်ငန်းများကို ရိုးသားစွာ တာဝန်ကျေပွန်လိုခြင်းက အဓိကအကြောင်းအရာဖြစ်ခဲ့ပါတယ်။ ဆယ်စုနှစ် နှစ်ခုကျော် တာဝန်ထမ်းဆောင် ခဲ့စဉ်က (Office) မှမိတ်ဆွေဟောင်းများကိုလည်း အထူးသတိရနေပါတယ်။
 
💐💐ဗဟိုရ်စည်ဆေးရုံကြီးတွင် ယခုလက်ရှိအချိန်ထိ တာဝန်ကျေပွန်စွာ မိသားစုသဖွယ် (၂၅)နှစ် ကြာတာဝန် ထမ်းဆောင်နေသော အစ်မ ဒေါ်သန္တာအေး (Senior Asset Control Officer) အား ဗဟိုရ်စည်ဆေးရုံကြီးက ကျေးဇူးအထူးတင်ရှိပြီး ဒီထက်မက ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် တာဝန်များဆက်လက် ထမ်းဆောင်နိုင်ပါစေကြောင်း ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်ခင်ဗျာ။🥰🥰🥰

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”