🌏World Diabetes Day🌏
 
ကမ္ဘာ့ဆီးချိုရောဂါနေ့ကို နှစ်စဉ် နိုဝင်ဘာလ (၁၄) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဆီးချိုရောဂါနေ့ ၏ ၂၀၂၁ မှ ၂၀၂၃ ထိဆောင်ပုဒ်ကတော့ “Access to Diabetes Care” ဖြစ်ပါသည်ခင်ဗျာ။ ယနေ့ ကမ္ဘာပေါ်တွင် လူပေါင်းသန်း (၄၀၀) ကျော်မှာဆီးချိုရောဂါဖြင့်နေထိုင်နေရပါသည်။ အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ် (IDF) ၏စာရင်းဇယားများအရ လူပေါင်း(၆၄၂)သန်းခန့်သည် ၂၀၄၀ ခုနှစ်တွင် ဆီးချိုရောဂါဖြင့် နေထိုင်ရမည်ဟု ဖော်ပြနေပါသည်။ ဤစိုးရိမ်ဖွယ်ကိန်းဂဏန်းများကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ကမ္ဘာ့ဆီးချိုရောဂါနေ့ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂက ကမ္ဘာ့ဆီးချိုနေ့အဖြစ် နိုဝင်ဘာလ ၁၄ရက်ကို ဆုံးဖြတ်သတ်မှတ်ခဲ့ပါသည်။ ဆာ ဖရက်ဒရစ် ဘန်တင်သည် အင်ဆူလင်ကို ရှာဖွေ တွေ့ရှိခဲ့သောသူ ဖြစ်သောကြောင့် ဆာ ဖရက်ဒရစ် ဘန်တင် ၏ မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် အဆိုပါရက်စွဲအား ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းနောက် ကမ္ဘာ့ပထမဆုံးဆီးချိုရောဂါနေ့ကို ၂၀၀၇ခုနှစ် နိုဝင်ဘာလ ၁၄ရက် နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဆီးချိုရောဂါနှင့် ပတ်သက်ပြီး ကာကွယ်ရန်နည်းလမ်းများနှင့်ပတ်သက်၍ အသိပေးမှုပျံ့နှံ့စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါကြောင့် မလိုလားအပ်သောရောဂါများနှင့် အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်သင့်ကြောင်းတိုက်တွန်းနှိုးဆော်လျက် ကမ္ဘာဆီးချိုရောဂါနေ့ (World Diabetes Day) ကို ဗဟိုရ်စည် ဆေးရုံကြီးဝန်ထမ်းများမိသားစု မှကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။📣📣📣
 
🎯ဆီးချိုရောဂါဆိုတာဘာလဲ?
ဆီးချိုရောဂါသည် ခန္ဓာကိုယ်သွေးထဲရှိ သကြားဓာတ်အမျိုးအစားဖြစ်ပြီး ဂလူးကို့စ်ကို မည်သို့ထိန်းချုပ်သင့် ကြောင်းနှင့် အသက်အန္တရာယ်ကိုထိခိုက်စေနိုင်သောနာတာရှည်ရောဂါမျိုးဖြစ်သောကြောင့် အထူးဂရုစိုက်သင့် ပါသည်။ သွေးတွင်းဂလူးကို့စ်မြင့်မားလွန်းသောအခါ ဆီးချိုရောဂါဖြစ်တတ်ပါသည်။ အင်ဆူလင်(Insulin) ဟော်မုန်းကို Pancreas မှထုတ်လုပ်ပေးပြီး အင်ဆူလင်သည် စားလိုက်သောအခါမှ အချိုဓာတ်(Glucose) ကို ခန္ဓာကိုယ်တွင်းရှိ ဆဲလ်အတွင်းတွင် စွမ်းအင်အနေဖြင့် သိမ်းဆည်းပေးထားပါသည်။ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားရခြင်းမှာ ခန္ဓာကိုယ်သည် အင်ဆူလင်ကိုလုံလောက်စွာမထုတ်နိုင်ခြင်း (သို့) ထုတ်လုပ်သောအင်ဆူလင်ကို ထိရောက်စွာအသုံးမချနိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း အချိုဓာတ်များအချိန်ကြာမြင့်စွာရှိပြီး ရောဂါဖြစ်ပွားလာ နိုင်ပါသည်။ သွေးတွင်းသကြားဓာတ်သည် ကျွန်တော်တို့စားနေသော အစားအစာများထဲတွင်လည်းပါဝင်ပြီး သွေးထဲတွင်ဂလူးကို့စ်အလွန်များလွန်းပါက ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါသည်။
 
🎯ဆီးချို၏နောက်ဆက်တွဲရောဂါများ
ဆီးချိုရောဂါကြောင့် မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်ခြင်း၊ နှလုံးရပ်တန့်ခြင်း၊ လေဖြတ်ခြင်းနှင့် ခြေလက် ဖြတ်ရခြင်းတို့သည် အဓိကအကြောင်းအရင်းများဖြစ်ပါသည်။
 
🎯ဆီးချိုရောဂါ၏လက္ခဏာများ
ကိုယ်အလေးချိန်နည်းခြင်း၊ အဝလွန်ခြင်းများဖြစ်ပါက အမျိုးအစား ၂ ဆီးချိုရောဂါခံစားရနိုင်သောအန္တရာယ် ပိုများသောကြောင့် ဆရာဝန်ဖြင့်တိုင်ပင်ကုသသင့်ပါသည်ခင်ဗျာ။ လူနာ၏အသက်အရွယ်နှင့် ဆီးချိုအမျိုးအစား ပေါ်မူတည်ပြီး ရောဂါလက္ခဏာများလည်းကွဲပြားနိုင်ပါသည်။ ဆီးချိုရောဂါသည်များ၏ အဓိကလက္ခဏာများမှာ ဆီးမကြာခဏသွားခြင်း၊ ရေမကြာခဏငတ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ကိုယ်အလေးအချိန်လျော့နည်းလာ ခြင်း၊ အဝလွန်ခြင်း၊ ဒဏ်ရာအနာကြက်မှုနှေးကွေးခြင်းများဖြစ်ပါသည်။
 
👉ဆီးချိုရောဂါကြောင့်မလိုလားအပ်သောရောဂါများကိုကာကွယ်ပါ
ကျန်းမာသောဓာတ်စာ၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ဆေးရွက်ကြီးသုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ခြင်းဖြင့် အမျိုးအစား ၂ ဆီးချို ရောဂါကိုတားဆီးခြင်း သို့မဟုတ် နှောင့်နှေးစေနိုင်သည့်နည်းလမ်းများ ဖြစ်ပါသည်။ ထို့အပြင် ဆီးချိုရောဂါနှင့် အကျိုးဆက်များကို ဆေးဝါးများဖြင့်လည်း ရှောင်ရှားခြင်း သို့မဟုတ် နှောင့်နှေးစေနိုင်ပါသည်။ ဆီးချိုရောဂါကို ကုသခြင်းဖြင့်သက်သာစေနိုင်ပြီ ယင်း၏အကျိုးဆက်များကို အစားအစာ၊ ကိုယ်လက်လှုပ်ရှားမှု၊ ဆေးဝါးများနှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသမှုတို့ဖြင့်ရှောင်ရှားနိုင် ပါသည်။
 
✅အထက်ပါဆီးချိုသွေးချိုကျန်းမာရေးပြဿနာများအား ကြိုတင်သိရှိပြီး 🛡🛡ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Diabetes Care Check-Up (ဆီချို သွေးချိုကျန်းမာရေးစစ်ဆေးခြင်း) ဖြင့် ဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”