🌕တပို့တွဲလပြည့်နေ့ (ဩဝါဒပါတိမောက် အခါတော်နေ့)🌕
💐တပို့တွဲလဟာ မြန်မာ့ (၁၂) လ ရာသီမှာ (၁၁) လမြောက် လရာသီဖြစ်ပြီး ဆောင်းဥတုရဲ့ နောက်ဆုံးလဖြစ်ပါ တယ်။ ဂေါတမမြတ်ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်မှ အဂ်ါလေးရပ်နှင့်ပြည့်စုံတော်မူသော ရဟန်းသံဃာ ပရိသတ်တို့ကို အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမတရားတော်ဖြစ်သည့် “ ဩဝါဒပါတိမောက်” ဂါထာ တရားတော်ကြီးကို ဟောကြားပြသတော်မူသောနေ့ ဖြစ်သောကြောင့် “ တပို့တွဲလပြည့်နေ့” ကို “ ဩဝါဒပါတိမောက် အခါတော်နေ့ ” ဟုလည်း သတ်မှတ်ခေါ်ဝေါ်ခဲ့ကြောင်း မှတ်သားသိရှိခဲ့ရပါတယ်။ ထို့အပြင် တပို့တွဲလနှင့်ထမနဲပွဲဟာ မြန်မာ့ဆယ့်နှစ်ရာသီပွဲတော်တွေထဲမှာ ထူးခြားထင်ရှားတဲ့ပွဲတော် တစ်ခုလည်းဖြစ်ပါတယ်။
 
💐💐ထို့ကြောင့် ယနေ့ ကျရောက်သော တပို့လပြည့်နေ့မှသည် ကမ္ဘာတစ်ဝန်းလုံးမှာရှိကြသော လူသားများ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ဘေးအန္တရာယ်အပေါင်းမှလွတ်မြောက်ကာ စီးပွားလာဘ်လာဘများ တိုးတက်ကောင်းမွန်ပြီး ကံကောင်းခြင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းများ မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။🙏🙏🙏

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”