🌕တပေါင်းလပြည့်နေ့(မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့)🌕
သာသနာနှစ် (၂၅၅၆)ခုနှစ် မြန်မာသက္ကရာဇ် (၁၃၈၄)ခုနှစ်တွင်ကျရောက်သော တပေါင်းလပြည့်နေ့သည် မြန်မာလများတွင် (၁၂)လမြောက်ဖြစ်ပြီး တစ်နှစ်တာ၏နောက်ဆုံးလလည်းဖြစ်ပါသည်။ တပေါင်းလပြည့်နေ့၏ ရာသီပွဲဖြစ်သော သဲပုံစေတီပွဲများကိုလည်း နှစ်စဉ်ကျင်းပခဲ့ကြသည့်ဓလေ့ရှိခဲ့ပြီး နောက်ပိုင်းတွင်ကျင်းပသည့် ဓလေ့များ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါသည်။ တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်ဝင်ရန် စတင်ကြွလှမ်းသောနေ့ (မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့)၊ ထို့အပြင်မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး၊ တပုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့ကြီးမှုး၍ ရွှေတိဂုံစေတီတော်ကြီးတည်ထားသောနေ့ဟု သမိုင်းကဆိုထားပါသည်။ ထို့ကြောင့် ယနေ့ကျရောက်သော တပေါင်းလပြည့်နေ့မှသည် ကမ္ဘာတစ်ဝန်းလုံးမှာရှိကြသော လူသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ဘေးအန္တရာယ် အပေါင်းမှ လွတ်မြောက်ကာ စီးပွားလာဘ်လာဘများ တိုးတက်ကောင်းမွန်ပြီး ကံကောင်းခြင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းများမိသားစုမှ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။ 💐💐💐

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”