Universal Health Coverage Day (UHC)
 
Universal Health Coverage Day (UHC) နေ့ကို ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ကုလသမဂ္ဂက နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့ပြီးအရည်အသွေးကောင်းသော ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ထောက်ပံ့ပေးရန် တောင်းဆိုသည့် နှစ်ပတ်လည်နေ့ တစ်နေ့လည်းဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုကို အရှိန်မြှင့် တိုးတက်စေရန် တိုက်တွန်းသည့် နေ့တစ်နေ့လည်းဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်ကို တိုးမြှင့်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းများမိသားစုမှ အားလုံးအတွက် ပိုမိုလုံခြုံပြီး ကျန်းမာရေးပိုကောင်းသော အနာဂတ်တစ်ခု တည်ဆောက်ရန်နှင့် ကျွန်ုပ်တို့၏ကျန်းမာရေးစနစ်များကိုပိုမိုတိုးတက်စေရန် လူတိုင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ Universal Health Coverage Day (UHC) အားကြိုဆိုဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”