☢️☣️World Radiography Day☢️☣️

 ☢️ “World Radiography Day” သည် နှစ်စဉ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပြပြီး X-radiation ကို စတင်ရှာဖွေ တွေ့ရှိခဲ့သော ရူပဗေဒသိပ္ပံပညာ Wilhelm Röntgen ကိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သောနေ့တစ်နေ့ ဖြစ်ပါသည်။ ဆေးဘက်ဆိုင်ရာရောဂါရှာဖွေခြင်းများတွင် ပုံရိပ်ဖော်ရောဂါရှာဖွေခြင်းများ၏ အရေးပါမှုကိုပေါ်လွင် စေရန်နှင့် ခေတ်သစ်ကုထုံးများတွင် ရေဒီယိုဓာတ်ရောင်ခြည်ပညာဖြင့် ရောဂါရှာဖွေကုသမှု၏ အရေးပါသော အခန်း ကဏ္ဍနှင့်ပတ်သက်ပြီး တစ်ကမ္ဘာလုံးသိရှိစေရန်ရည်ရွယ်၍ ကျင်းပသောနေ့တစ်နေ့ဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ် မှာ “Radiography: Illuminating Health, Inspiring Care, Shaping Futures” ဖြစ်ပါသည်။

☢️ထို့ကြောင့် X radiation စတင်ရှာဖွေတွေ့ရှိခဲ့သော ရူပဗေဒသိပ္ပံပညာရှင် Wilhelm Röntgen နှင့်တစ်ကွ ကမ္ဘာ တစ်ဝှမ်းတွင်းရှိ ဓါတ်မှန်ပညာရှင်များအားလုံး၏တန်ဖိုးကို ဂုဏ်ပြုသောအားဖြင့် World Radiography Day အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရံကြီးမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။📣📣📣

⛳️နည်းပညာတိုးတက်လာသည်နှင့်အမျှ လူနာများအား ဓါတ်ရောင်ခြည်ထိတွေ့မှုအနည်းဆုံးဖြစ်သော ခေတ်မီ စက်ကြီးများကိုအသုံးပြုကာ ကျွမ်းကျင်သောဓါတ်မှန်ပညာရှင်များမှ ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Imaging ဌာနတွင် Imaging Department Part-time Services နှင့် Imaging Department 24-Hour Services ဖြင့်အကောင်းဆုံးဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

#HappyRadiographyDay #WorldRadiographyDay2023#Radiographer

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”