🌏World Antibiotic Awareness Week (WAAW) 🌏

💊World Antibiotic Awareness Week (WAAW) ကို နှစ်စဉ် နိုဝင်ဘာ (၁၈) ရက်မှ နိုဝင်ဘာ (၂၄) ရက်အထိ ကျင်းပပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ ရက်သတ္တပတ်ဖြစ်ပြီး ယခုနှစ်၏ဆောင်ပုဒ်မှာ (Preventing Antimicrobial Resistance Together) ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ပဋိဇီဝဆေးဝါးနှင့် အခြားရောဂါ ပိုးမွှားတိုက်ဖျက်ဆေးများ၏ ဆေးယဉ်ပါးခြင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အသိပညာတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

💊ဆေးဝါးများသည် ကျန်းမာရေး၏ အခြေခံအုတ်မြစ်များဖြစ်သော်လည်း လူသားများ၊ တိရိစ္ဆာန်များ၊ အပင်များတွင် ပဋိဇီဝဆေးဝါးများနှင့်ပတ်သက်ပြီး ဆေးယဉ်ပါးခြင်းပြဿနာများမဖြစ်ပေါ်စေရန်အတွက် သတိထားဆင်ခြင်သုံးစွဲ သင့်ကြောင်းအကြံပြုရင်း World Antibiotic Awareness Week (WAAW) အား ဗဟိုရ်စည်ဆေးရုံကြီးမှ ကြိုဆိုဂုဏ် ပြုလိုက်ရပါသည်ခင်ဗျာ။

#WorldAntibioticAwarenessWeek2023

#AntibioticResistance#healthcare#pharmacy

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”