🌏World Stroke Day🌏

World Stroke Day ကို နှစ်စဉ် အောက်တိုဘာလ ၂၉ ရက် နေ့တွင်ပုံမှန်ကျင်းပခြင်းဖြစ်ပါသည်။ World Stroke Organization (WSO) ၏အဆိုအရ လေဖြတ်ခြင်းသည် ကမ္ဘာတစ်ဝှမ်းတွင် မသန်မစွမ်းဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ပြီး လေဖြတ်ခြင်းကို နှစ်စဉ် လူပေါင်း ၁၂ သန်းကျော်ခံစားရသည်ဟုဆိုထားပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Greater Than Stroke.” ဖြစ်ပါသည်။ ထို့ကြောင့် လေဖြတ်ခြင်းကို ကာကွယ်ရန်နှင့်ပတ်သက်၍ လူများကိုအသိပေးမှုတိုးမြှင့်စေရန်နှင့် လေဖြတ်ခြင်းမှ အသက်ရှင်ကျန်ရစ်သူများအား ကာကွယ်စောင့်ရှောက်ထောက်ပံ့မှု တိုးမြှင့်စေရန် ရည်ရွယ်၍ကျင်းပပြုလုပ်သော World Stroke Day အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

⛳️World Stroke Day ၏အရေးကြီးသောရည်ရွယ်ချက်များ

အသိပေးမှုကို မြှင့်တင်ရန်- လေဖြတ်ခြင်းအကြောင်းအရင်းရောဂါလက္ခဏာများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ကုသနိုင်ရေး အသိပေးမှုတိုးမြှင့်စေရန်၊

လေဖြတ်ခြင်းကိုကာကွယ်ရန်- သွေးပေါင်ချိန်မြင့်ခြင်းကိုကာကွယ်ရန်၊ ဆေးလိပ်သောက်ခြင်းကိုရှောင်ရှားရန်၊ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုစားသုံးရန်၊ ကိုယ်လက်လှုပ်ရှားမှုကိုပုံမှန်ပြုလုပ်ရန်၊

အသက်ရှင်ကျန်ရစ်သူများကို ထောက်ပံ့ရန်- လေဖြတ်ခြင်းကြောင့် ထိခိုက်ခံရသူတို့၏ ဘဝအရည်အသွေးများကို မြှင့်တင်စေရန် အသက်ရှင်ကျန်ရစ်သူများအား ထောက်ပံ့ပေးရန်၊

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်- တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တိုးများလာသော လေဖြတ်ခြင်း အန္တရာယ် ကို လျော့နည်းစေရန် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် တို့ဖြစ်ပါသည်။

🎯လေဖြတ်ခြင်းကို တားဆီးရန် အဓိကလုပ်ဆောင်ချက်များ

👉သွေးတိုးရောဂါကို စီမံခန့်ခွဲခြင်း- သွေးတိုးရောဂါသည် လေဖြတ်ခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ သွေးဖိအားကိုပုံမှန်စစ်ဆေးခြင်း၊ ဆရာဝန်ညွှန်ကြားထားသောဆေးဝါးများကို သောက်သုံးခြင်း၊ အဆီနှင့်ဆားပါဝင်သောအစားအစာများကို အလွန်အကျွံစားသောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကိုစားသုံးခြင်းတို့ပါဝင်ပါသည်။

👉ဆေးလိပ်ဖြတ်ခြင်း- ဆေးလိပ်သောက်ခြင်းသည် လေဖြတ်ခြင်းအန္တရာယ်ကိုနှစ်ဆတိုးစေနိုင်ပါသည်။

👉ကျန်းမာသောအစားအစာကို စားသုံးခြင်း- ဟင်းသီးဟင်းရွက်များ၊ ပရိုတင်း၊ အဆီနည်းသော နို့ထွက်ပစ္စည်းများ ကိုစားသုံးခြင်း၊ ကိုလက်စထရောနှင့် ဆိုဒီယမ်စားသုံးမှုကို ကန့်သတ်ခြင်းတို့ဖြစ်ပါသည်။

👉ဆီးချိုရောဂါကို စီမံခန့်ခွဲခြင်း- ဆီးချိုရောဂါရှိလျှင် ဆေးဝါး၊ ဓာတ်စာနှင့် မှန်မှန်ဆေးစစ်ခြင်းဖြင့် သွေးထဲရှိ သကြားဓာတ်ပါဝင်မှုကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး လေဖြတ်ခြင်းအန္တရာယ်ကို လျော့နည်းစေနိုင်ပါသည်။

👉အရက်သောက်ခြင်းကို လျှော့ချခြင်း- အရက်အလွန်အကျွံသောက်ခြင်းသည် သွေးတိုးရောဂါနှင့် လေဖြတ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါသည်။

👉Cholesterol Levels ကိုစီမံခန့်ခွဲခြင်း- ကိုလက်စထရောမြင့်မားခြင်းသည် သွေးလွှတ်ကြောကို ကျဉ်းမြောင်းစေ ပြီး လေဖြတ်ခြင်းအန္တရာယ်ကို တိုးများလာနိုင်ပါသည်။

👉ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း- အဝလွန်ခြင်းသည် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ အပါအဝင် လေဖြတ်ခြင်းအတွက် အကြောင်းအရင်းအမျိုးမျိုးနှင့် ဆက်စပ်လျက်ရှိပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သော အစား အစာများနှင့် ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ဆောင်ခြင်းဖြင့် ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ပါ သည်။

👉Atrial Fibrillation ကိုထိန်းချုပ်ခြင်း- အကယ်၍ သင့်တွင် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းရှိပါကကုသမှုခံယူသင့်ပါသည်။

👉မူးယစ်ဆေးဝါးများကိုရှောင်ရှားခြင်း- မူးယစ်ဆေးဝါးများသုံးစွဲခြင်းသည် လေဖြတ်ခြင်းအန္တရာယ်ကို သိသိသာသာ တိုးများစေနိုင်ပါသည်။

👉ကျန်းမာရေးပုံမှန်စစ်ဆေးခြင်း- လေဖြတ်ခြင်းအန္တရာယ်ကို ကာကွယ်ရန်အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင်ကုသမှုခံယူသင့်ပါသည်။

👉လေဖြတ်ခြင်းလက္ခဏာများကို စောင့်ကြည့်ခြင်း- လေဖြတ်ခြင်းလက္ခဏာများဖြစ်သော (FAST) နည်းကို စောင့်ကြည့်အသုံးပြုကာ ချက်ချင်းဆေးကုသမှုခံယူသင့်ပါသည်။ ( (F) Face drooping မျက်နှာတစ်ခြမ်းရွဲ့ခြင်း၊ (A) Arm weakness လက်မြှောက်၍မရခြင်း၊ (S) Speech difficulties စကားပြောရန်ခက်ခဲခြင်း၊ ဗလုံးဗထွေးဖြစ်ခြင်းတို့ဖြစ်ပေါ်ပါက (T) Time to call အချိန်နှင့် တစ်ပြေးညီဆေးရုံပို့ဆောင်ရန် လုပ်ဆောင်ခြင်း)

👉ဆေးဝါးများကို ပုံမှန်သောက်သုံးခြင်း- အကယ်၍ သင့်တွင် သွေးပေါင်ချိန်မြင့်ခြင်း (သို့) သွေးဖိအားကဲ့သိုသော ရောဂါအခြေအနေများအတွက် ဆေးဝါးညွှန်ကြားချက်များရှိပါက မပျက်ကွက်ဘဲသောက်သုံးသင့်ပါသည်။

ထို့ကြောင့် လေဖြတ်ခြင်းအန္တရာယ်မှ ကင်းဝေးစေရေးအတွက် အဓိကလုပ်ဆောင်ချက်များကို လိုက်နာကျင့်သုံးပြီး ကျန်းမာအသက်ရှည်စွာနေထိုင်နိုင်စေရန် ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”