🙏ပျော်ရွှင်စရာနှစ်သစ် မြန်မာသင်္ကြန်ဖြစ်ပါစေ🙏
ပိတောက်ပန်းများပွင့်သည့် တန်ခူးလတွင်ကျင်းပသော အတာသင်္ကြန်ရေသဘင်ပွဲတော်သည် နှစ်ဟောင်းမှ အညစ်အကြေးများနှစ်သစ်သို့မပါလာစေရန် သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်သော မြန်မာလူမျိုးတို့၏ ချစ်မြတ်နိုး ဖွယ်ရာ နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာသင်္ကြန် နှစ်သစ်ကူးအချိန်အခါသမယမှစ၍ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနှင့်အတူ ကမ္ဘာတစ်ဝန်းလုံးမှာရှိကြသော လူသားများအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ကပ်ကြီး(၃)ပါးနှင့်ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ကာ စီးပွားလာဘ်လာဘများ တိုးတက်ကောင်းမွန်ပြီး ကံကောင်းခြင်းတွေ ရယူပိုင်ဆိုင်နိုင် ကြပါစေလို့ ဗဟိုရ်စည် ဆေးရုံကြီး ဝန်ထမ်းများမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။💐💐💐

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”