🙏ပျော်ရွှင်စရာမြန်မာနှစ်သစ်ဖြစ်ပါစေ🙏
နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပါတယ်။ ထိုနေ့တွင် ဥပုသ်သီလဆောက်တည်ကြခြင်း၊ သက်ကြီးရွယ်အိုများအား တရော်ကင်ပွန်းဖြင့် ခေါင်းလျှော် ဆေးကြော ကာပူဇော်ကန်တော့ကြခြင်း၊ ဇီဝိတဒါန အလှူပြုခြင်းများကို ဆောင်ရွက်လေ့ရှိကြရာ မြတ်နိုးဖွယ်ရာ ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်ပါတယ်။ နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်သို့ ပါမလာစေရန်တွက် ယနေ့ ကျရောက်သော နှစ်ဆန်း တစ်ရက်နေ့အချိန်အခါသမယမှစ၍ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနှင့်အတူ ကမ္ဘာတစ်ဝန်းလုံးမှာရှိကြသော လူသားများအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ကာ စီးပွားလာဘ်လာဘများ တိုးတက်ကောင်းမွန်ပြီး ကံကောင်းခြင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဗဟိုရ်စည် ဆေးရုံကြီး ဝန်ထမ်းများမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျာ။💐💐💐

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”