🙏မင်္ဂလာပါခင်ဗျာ🙏
💐💐ဗဟိုရ်စည်ဆေးရုံကြီးတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ နှစ်ရှည်စွာ ယခုလက်ရှိအချိန်ထိ တာဝန်ကျေပွန်စွာ လက်တွဲလုပ်ကိုင်နေသော Pharmacist Manager အစ်မ ဒေါ်သင်းသင်းသိမ်းအား ဝန်ထမ်းလုပ်သက် (၁၅)နှစ် ပြည့်မြောက်သည့်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ မိသားစုဝင်တစ်ဦးအနေဖြင့် ဝမ်းမြောက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။🎇🎆
 
💐မင်္ဂလာပါ အစ်မနာမည်ကတော့ ဒေါ်သင်းသင်းသိမ်းဖြစ်ပါတယ်။ အစ်မကတော့ ဗဟိုရ်စည်ဆေးရုံကြီး ရဲ့ Pharmacy Department မှာ (၂၈.၁၁.၂၀၀၆) ခုနှစ်ကစပြီး Junior Pharmacist အစမ်းခန့်ဝန်ထမ်းအဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။ (၁.၃.၂၀၀၇) ခုနှစ်မှာတော့ အမြဲတမ်းဝန်ထမ်းဖြစ်ခဲ့ပြီး လာမည့် (၁.၃.၂၀၂၃) ခုနှစ် မှာဆိုရင် လုပ်သက် (၁၆) နှစ်ပြည့်မှာဖြစ်ပါတယ်။
 
💐လက်ရှိမှာတော့ Pharmacy Department မှာ Pharmacist Manager ရာထူးနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ တာဝန်ယူလုပ်ဆောင်ရတာတွေကတော့ OPD, IPD Pharmacy နှစ်ခုစလုံးနဲ့ ပတ်သက်တဲ့ ဆေး Stock, Indent, Expiry Date, ထိန်းချုပ်ဆေးဝါးနဲ့ ပတ်သက်တာတွေ၊ Customer များနဲ့ပတ်သက်ပြီး ဆေးထုတ်ပေးခြင်း၊ ရှင်းလင်းပြောကြားခြင်း၊ Counselling လုပ်ခြင်း၊ Complain ဖြေရှင်းခြင်း အပိုင်းတွေ၊ အခြားဆက်စပ်ဌာနများနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ ဝန်ထမ်းသစ် Training ပေးခြင်း၊ CME စီစဉ် ပြောကြားခြင်းများအပါအဝင် မိမိဌာနနဲ့ ပတ်သက်သမျှကိစ္စအဝဝကို Over all တာဝန်ယူလုပ်ဆောင်ရပါတယ်။
 
💐အစမ်းခန့်ကာလကနေစပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်ရတဲ့ အကြောင်း အရင်းကတော့ မိမိ Professional ကိုချစ်မြတ်နိုးပြီး တာဝန်ကျေပွန်လိုသောစိတ်က အဓိကအကြောင်း အရင်းဖြစ်မယ်ထင်ပါတယ်။
 
💐ဆေးရုံကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကတော့ ဆေးရုံကြီးရဲ့ Internal, External Customer များအပေါ် Pharmacy Department အနေနဲ့ အဆင်ပြေစိတ်ကျေနပ်မှုအပြည့်အဝရအောင် လုပ်ဆောင်ပေးနေရတာက ဆေးရုံကြီး ရေရှည်တည်တံ့အောင် တစ်ဖက်တစ်လမ်းကပါဝင်ကူညီပေးနေတာပဲလို့ အစ်မအနေနဲ့ ခံယူပါတယ်။
 
💐လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ လုပ်ငန်းခွင်ပျော်ရွှင်မှုကတော့ ဌာနတွင်းမှာက University of Pharmacy ကျောင်းဆင်းညီအစ်မတွေအားလုံးပဲဆိုတော့ လုပ်ငန်းပိုင်းသာမက လူမှုရေး၊ ကျန်းမာရေးစတဲ့ ကိစ္စတွေ မှာပါ ဖေးမကူညီရင်းလုပ်ဆောင်နေရလို့ ပျော်ရွှင်ရပါတယ်။ အခြားဆက်စပ်ဌာနများနဲ့လည်း အဆင်ပြေအောင် တိုင်ပင်ညှိနှိုင်းလုပ်ဆောင်ပါတယ်။ အစ်မတို့ဗဟိုရ်စည်ဆေးရုံမှာ လုပ်သက်ရှည် ဝန်ထမ်းတွေ များပြားရခြင်းအကြောင်းကလည်း လုပ်ငန်းခွင်ပျော်ရွှင်မှုရှိလို့ဆိုတာ ပြသနေတယ်လို့ အစ်မအနေနဲ့ပြောချင်ပါတယ်။
 
💐ဆေးရုံကဝန်ထမ်းအပေါ်ထောက်ပံ့တာဝန်ယူမှုများကတော့ ဝန်ထမ်းအနာဂါတ် သာယာရေးရန်ပုံငွေကဲ့သို့ တည်ထောင်ပေးပြီး အလုပ်လုပ်ကိုင်နေဆဲအချိန်မှာသာမက အလုပ်မှအနားယူတဲ့အချိန်ထိပါ ဝန်ထမ်းများ အတွက် အကျိုးရှိအောင်လုပ်ဆောင်ပေးနေပါတယ်။ Risk များတဲ့ ဌာနတွေက ဝန်ထမ်းများအတွက် အာမခံ ထားပေးခြင်း၊ ဝန်ထမ်းများရဲ့ သာရေးနာရေး ကျန်းမာရေးစတဲ့ ကိစ္စအဝဝမှာ လိုအပ်သလို ကျခံဆောင်ရွက် တာဝန်ယူပေးပါတယ်။ အစ်မအနေနဲ့ ဗဟိုရ်စည်ဆေးရုံကြီးမှာ မိမိလုပ်ကိုင်နိုင်တဲ့အချိန်အထိ တာဝန် ကျေပွန်စွာ အကောင်းဆုံးလုပ်ဆောင်သွားပါမယ်လို့ ပြောကြားလိုပါတယ်။ (၂၀၂၂)ခုနှစ်ကုန်မှာ (၁၅) နှစ်ပြည့် နှစ်ရှည်ဝန်ထမ်းဆု ပေးတဲ့ဌာနဆိုင်ရာလူကြီးများကိုလည်း အရမ်းပဲကျေးဇူးတင်ပါတယ်။🥰🥰🥰
 
💐💐ဗဟိုရ်စည်ဆေးရုံကြီးတွင် ယခုလက်ရှိအချိန်ထိ တာဝန်ကျေပွန်စွာ မိသားစုသဖွယ် (၁၅) နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်နေသော Pharmacist Manager အစ်မ ဒေါ်သင်းသင်းသိမ်း အား ဗဟိုရ်စည်ဆေးရုံကြီးက ကျေးဇူးအထူးတင်ရှိပြီး ဒီထက်မက ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် တာဝန်များဆက်လက် ထမ်းဆောင်နိုင်ပါစေကြောင်း ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်ခင်ဗျာ။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”