💐💐ဗဟိုရ်စည်ဆေးရုံကြီးတွင် ယခုလက်ရှိ အချိန်ထိ OT ဌာန၏ Nursing Manager ရာထူးဖြင့်တာဝန်ထမ်းဆောင်နေသော အစ်မဒေါ်မာမာအေး အားလာမည့် နိုဝင်ဘာလ (၁၇)ရက် နေ့တွင် လုပ်သက် (၂၈) နှစ်ပြည့်မည် ဖြစ်သောကြောင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာ လုပ်သက်ကြာရှည်စွာတာဝန်ထမ်းဆောင်နေသော အစ်မဒေါ်မာမာအေးအား ဗဟိုရ်စည်ဆေးရုံကြီး၏ မိသားစုဝင်တစ်ဦးအနေဖြင့် ဝမ်းမြောက်စွာ ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်ခင်ဗျာ။ 🎊🎉🎆🎇

🥰🥰💐“မင်္ဂလာပါ အစ်မနာမည်ကတော့ ဒေါ်မာမာအေး ဖြစ်ပါတယ်။ ဗဟိုရ်စည်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခဲ့တာ ယ္ခုလက်ရှိ အချိန်ထိဆိုရင် လုပ်သက်ကတော့ ၂၈နှစ် ပြည့်ဖို့ လပိုင်းဘဲလိုပါတော့တယ် အလုပ်စဝင်တာကတော့ ၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ မှာစပြီး OT ဌာနမှာ Staff Nurse ရာထူးနဲ့ တာဝန်ယူ လုပ်ဆောင်ခဲ့ပါတယ်။ ယ္ခုလက်ရှိအချိန်မှာတော့ Nursing Manager ရာထူးနဲ့ ခွဲစိတ်ခန်းမှာ တာဝန်ယူ ဆောင်ရွက်နေပါတယ်။ ခွဲစိတ်ခန်းမှာ အကုန်လုံးကို စီမံခန့်ခွဲရပြီး ကလေးတွေကို Management လုပ်ရတယ် သန့်ရှင်းရေးအပိုင်းတွေ၊ လူနာအဝင်အထွက်ပိုင်းတွေ၊ စာရင်းဇယားအပိုင်းတွေ၊ ခွဲစိတ်ခန်းအတွက် လိုအပ်တဲ့ ဆေးဝါးတွေ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းတွေ Stock တွေကို ဆရာဝန်ကြီးတွေ လိုအပ်ချက်အတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးရပါတယ်။ Linen ကိစ္စတွေ Instrument ကိစ္စတွေ အရင်တုန်းကဆို ခွဲစိတ်ခန်းအတွက် လိုအပ်တဲ့ Instrument တွေကို ဆရာဝန်ကြီးတွေရဲ့ လိုအပ်ချက်အတိုင် လိုချင်တဲ့ ပစ္စည်းတွေရှိရင် အပြင်မှာထွက်ရှာရတာတွေ ရှိပါတယ်။ အဲ့ဒီအချိန်တုန်းက ကုမ္ပဏီကသွင်းတဲ့ ပစ္စည်းတွေ သိပ်မရှိသေးတဲ့အတွက် အပြင်မှာထွက်ရှာရပါတယ်။ ခုနောက်ပိုင်းမှာဆိုရင်တော့ ခွဲစိတ်ခန်းအတွက်လိုအပ်တဲ့ Instrument တွေကို ကုမ္ပဏီတွေက အများဆုံး သွင်းလာတဲ့အတွက် တော်တော်လေးလည်း အဆင်ပြေလာပါတယ်။ Purchasing ဌာနသို့ ခွဲစိတ်ခန်းအတွက် အသုံးဝင်တဲ့ ပစ္စည်းတွေကို ကုမ္ပဏီကလာပြရင် အန်တီတို့ OTဌာနကို ပြောပြီး OT ဌာနအတွက် အသုံးဝင်တဲ့ ပစ္စည်းတွေကို ကောင်းမကောင်း သုံးကြည့်ပြီး Feedback ပြန်ပြောတာတွေ တစ်ဦးနှင့် တစ်ဦးတိုင်တိုင်ပင်ပင်နဲ လုပ်ဆောင်ရတာတွေကလည်း ကြည်နူးစရာကောင်းပါတယ်။🥰🥰

💐💐နောက်ပြီးအန်တီတို့ OT ဌာနမှာ Side နှစ် Side ရှိတဲ့အတွက် နှစ်Sideလုံးမှာရှိတဲ့ အကြီးရော အငယ်ရော အလတ်ရော အားလုံးဆရာမတွေ ဝန်းထမ်းတွေကို တာဝန်ယူ လုပ်ဆောင်ရတဲ့အပိုင်းတွေ နေရာချတာတွေ ကလေးတွေရဲ့ Duty Roster တွေကို လုပ်ဆောင်ရပါတယ်။ OT ဌာနရဲ့ သန့်ရှင်းရေးအပိုင်းတွေ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးတွေကို လိုက်ကြည့်ရပြီး Operation လုပ်ပြီးသား လူနာတွေကိုလည်း Ward ထဲအထိ ကျန်းမာရေးအခြေအနေကို လိုက်မေးပြီး အားပေး စောင့်ရှောက်မှုတွေကိုလည်း လုပ်ပေးခဲ့ပါတယ်။ အန်တီတို့ OT ဌာနမှာရှိတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကိုသိအောင် စည်းကမ်းလိုက်နာမှုရှိအောင် ကြပ်ကြပ်မတ်မတ်နဲ့ သွန်သင်ဆုံးမရတာတွေလည်းရှိပါတယ် ခွဲစိတ်ခန်းဆိုတာလည်း အလွန်အရေးကြီးတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် အစစအရာရာအားလုံးကို အသေးစိတ်လိုအပ်ချက်မရှိစေရန် Management လုပ်ပေးရပါတယ်။ ခွဲစိတ်ခန်းသုံး Machine တွေနဲ့ပတ်သက်ပြီး အမြဲတမ်း စစ်ဆေးမှုတွေကို ပြုလုပ်ကာ လိုအပ်ရင်လည်း သက်ဆိုင်ရာ ကုမ္ပဏီတွေကို Urgent အကြောင်းကြားရတာတွေလည်း တာဝန်ယူရပါတယ်။ အလုပ်သင် အစမ်းခန့်ကာလကနေစပြီး ဆယ်စုနှစ် နှစ်ခုကျော်ကြာ လက်ရှိအချိန်ထိ OT ဌာနတစ်ခုထဲမှာပဲ တာဝန်ယူလုပ်ဆောင်ရပြီး စစဝင်တုန်းကတော့ ရိုးရိုး Staff ပေါ့နော်၊ နောက် Supervisor, Ass Manager, ကနေ့ Nursing Manager တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ယူလုပ်ဆောင်ခဲ့တာ ယခုလက်ရှိအချိန်ထိပါဘဲ။ အန်တီ Duty ကတော့ 8 to 4 ၊ Day Off ကတော့ တစ်လကို ၆ ရက်ပေးပါတယ်။

🥰🥰ဆေးရုံမှ ဝန်ထမ်းအပေါ် ထောက်ပံ့ပေးတာတွေလည်းရှိပါတယ် အန်တီကိုယ်တိုင်လည်း နှစ်ကြိမ်တိုင် ခွဲစိတ်ကုသမှု ခံယူခဲ့ဖူးပါတယ် အဲ့ဒီခွဲစိတ်ကုသမှုမှာလည်း သက်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးတွေက အကောင်းဆုံးပြုလုပ်ပေးပြီး အခန်းခတွေ ကုန်ကျစာရိတ်တွေ အစစအရာရာ အကုန်လျော့ပေးပြီး ဗဟိုရ်စည်ဆေးရုံရဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ ခံစားခွင့်တွေကိုလည်း ပေးပြီး ကူညီစောင့်ရှောက်ပေးပါတယ်။ နှစ်ကြိမ်ခွဲတယ် နှစ်ကြိမ်စလုံး အောင်မြင်ခဲ့တယ် ၂၀၀၃ ခုနှစ်မှာ OG Case နဲ့ ပထမတစ်ကြိမ်ခွဲတယ် ၂၀၁၇ ဒီဇင်ဘာမှာ Spine Case နဲ့ဒုတိယတစ်ကြိမ် ခွဲတယ် အားလုံးကိုအောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။ ဆရာကြီးတွေရဲ့ဂရုစိုက်မှု ဝန်ထမ်းတွေရဲ့ဂရုစိုက်မှုနဲ့ အစစအရာရာအားလုံး အဆင်ပြေခဲ့ပါတယ် ကျေးဇူးလည်းတင်ပါတယ်။

👭👬လုပ်ဖော်ကိုင်ဖက်တွေနဲ့ လုပ်ငန်းခွင် ပျော်ရွှင်မှုကတော့ ပျော်စရာကောင်းပါတယ် အားလုံးကဒီမှာ လုပ်သက် ၂၈နှစ် ၊ ၂၆နှစ် စတဲ့ တော်တော်ကြာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေလည်းရှိပါတယ်။ ခရစ်စမတ်တို့ တရုတ်နှစ်ကူး တို့ မြန်မာနှစ်ကူးတို့ New Yearတို့ဆိုရင် ကျွေးကြမွေးကြပါတယ် အဲ့အခါဆိုရင်လည်း ချက်ကြပြုတ်ကြနဲ့ ချက်ပြုတ်ရေးမှာ လာကူတဲ့လူကကူ တာဝန်ထမ်းဆောင်တဲ့သူက ထမ်းဆောင်နဲ့ မိသားစုသဖွယ် ပျော်စရာကောင်းပါတယ် အန်တီကတော့ ကိုယ့်ဝန်ထမ်းတွေကို ပြောစရာရှိတာပြောတယ် ဆုံးမစရာရှိတာဆုံးမပြီး အားလုံးကိုအငြိုးအတေးမရှိဘဲ ကိုယ်သားသမီးတွေလို သဘောထားပြီး အန်တီတို့ OT ဌာနမှာရှိတဲ့ ဝန်ထမ်းတွေကို ပျော်ရွှင်စွာ မိသားစုသဖွယ် စီမံခန့်ခွဲနေပါတယ်။”

🎉🎉ဗဟိုရ်စည်ဆေးရုံကြီးတွင် ယခုလက်ရှိအချိန်ထိ သစ္စာရှိပြီး မိသားစုသဖွယ် ၂၈ နှစ်ကြာ တာဝန်ထမ်းဆောင်နေသော အစ်မ ဒေါ်မာမာအေး( Nursing Manager) အား ဗဟိုရ်စည်ဆေးရုံကြီးက ကျေးဇူးအထူးတင်ရှိပြီး ဒီထက်မက ကောင်းမွန်သောဝန်ဆောင်မှုများနှင့် တာဝန်များဆက်လက်ထမ်းဆောင်နိုင်ပါစေကြောင်း ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်ခင်ဗျာ။💐💐💐

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”