ဗဟိုရ်စည်ဆေးရုံကြီးနှင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာ နှစ်ရှည်စွာ ယခုလက်ရှိအချိန်ထိ ရိုးသားကြိုးစားစွာ လက်တွဲခဲ့သော (Cash Manager) အစ်မ ဒေါ်ခင်ဆွေမြင့်အား ဗဟိုရ်စည်ဆေးရုံကြီး၏ မိသားစုဝင်တစ်ဦးအနေဖြင့် ဝမ်းမြောက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ခြင်း

“အစ်မနာမည်ကတော့ ဒေါ်ခင်ဆွေမြင့်ဖြစ်ပါတယ် ဗဟိုရ်စည်ဆေးရုံကြီးမှာ အလုပ်သင်(အစမ်းခန့်)ကာလ ကနေစပြီး ယခုလက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ခဲ့တာ (၂၇) နှစ် နှင့် (၈) လရှိပါပြီ။

ဗဟိုရ်စည်ဆေးရုံကြီးကို ဆေးကုသရန်ရောက်ရှိလာသောလူနာများအတွက် စတင်တွေရှိရသော အစ်မတို့Public Relation Dept; မှ နွေးထွေးပျူငှာစွာကြိုဆိုနိုင်ရေး၊ ပြသလိုသောဆရာဝန်ကြီးများထံအစဉ်ပြေစွာပြသနိုင်ရေး၊ ညွှန်ကြားထားသောစစ်ဆေးမှုနှင့်ဆေးဝါးများအား မှန်ကန်မြန်ဆန်စွာရရှိနိုင်ရေး နှင့် ဆေးရုံတက်ကုသရမည့် လူနာများကို လိုက်လံကူညီခြင်းတို့ကို မိမိတို့အဖွဲ့မှ ကူညီဆောင်ရွက်နိုင်ရန် ကြိုးစားရခြင်းများမှာ လူနာများမှ “ကျေးဇူးတင်ပါတယ်နော်” ဟုပြောဆိုသံဖြင့် များစွာပျော်ရွင်ကျေနပ်ခဲ့ရပါတယ်။

လုပ်သက်၏ဆယ်စုနှစ် နှစ်ခုနက် ဆယ်စုနှစ်တစ်ခုအား Cash Depth; , Reception, Computer Dept; ဆက်နွယ်မှုများဖြင့် အချိန်ကုန်စေခဲ့ပါတယ်။ Computer System များဖြည်းဖြည်းခြင်းတိုးတက်စေရန် ပြောင်းလဲလုပ်ဆောင်ခဲ့ပြီး System များ Program ပေါင်းများစွာကို မိမိဌာနမှ Staff များအား သင်ကြားပေးခြင်း လူနာများအတွက် အဆင်ပြေမှုရှိမရှိ စီစစ်ခြင်း Program Error များဖြေရှင်းခြင်း အသစ်အသစ်ဆောင်ရွက်တိုင်း ကြုံတွေရသော အခက်အခဲများအား မိမိအဖွဲ့ဖြင့်စုပေါင်း ဖြေရှင်းနိုင်ခဲ့ခြင်းတို့အားစဉ်းစားမိတိုင်း ပိတိများစွာဖြစ်ခဲ့ရပါတယ်။

2013ခုနှစ်မှာ မိမိကိုယ်တိုင် ရင်သားကင်ဆာဖြစ်၍ ခွဲစိတ်ကုသခဲ့ရပြီး ကင်ဆာဆေး ၈ ကြိမ်ဆေးသွင်းကုသခဲ့ရပါတယ်၊ ဆရာဝန်ကြီးများ၏ကုသမှု မိမိဆေးရုံ၏ Director များ၏အားပေးမှု ၊ ဝန်ထမ်းအချင်းချင်း ကူညီထောက်ပံ့မှု များကြောင့်လည်း အစ်မ အနှစ် ၂၀ ကျော် ကြာတာဝန်ထမ်းဆောင်ရခြင်းအကြောင်း ဖြစ်လာခဲ့ရပါတယ်။ ကျန်းမာစွာဖြင့် အသစ်အသစ်များလုပ်ကိုင်ရင်း ငြီးငွေ့ချိန်မရဘဲ ဘဝတစ်ခြမ်းအား ပျော်ရွှင်စွာဖြတ်သန်းခဲ့ပြီး 2017 နောက်ပိုင်း Cash Management ရာထူးဖြင့် Revenue Depth; တွင်တာဝန်ပေးခြင်းခံရ၍ Bank နှင့်ပတ်သက်သော ကိစ္စများအား လေ့လာခွင့် ရရှိလာပြန်ပါတယ်။ (9.4.2021) ခုနှစ်မှာ ဗဟိုရ်စည်အထူးကုဆေးခန်းကြီး၏အကျိုးအတွက် အားတက်သရောဆောင်ရွက်ပေးမှုကို ဂုဏ်ပြုမှတ်တမ်း အသိအမှတ်ပြုစာရရှိခဲ့ပါတယ်။(18.9.2001) ခုနှစ်မှာ (2000-2001)ခုနှစ်အတွက် ဝန်ထမ်းအကောင်းဆုံးဆု ရရှိခဲ့ပြီး  (2010-2011) ခုနှစ်မှာ အကျင့်စာရိတ္တ ရိုးသားဖြောက်မတ်ဆု ပထမအကြိမ်နှင့် (2016 – 2017) ခုနှစ်မှာတော့ ဒုတိယအကြိမ် နှစ်ကြိမ်ရရှိခဲ့ပါတယ်။

အစ်မတို့ ဗဟိုရ်စည်ဆေးရုံကြီးမှာက ဝန်ထမ်းများကို သင့်တော်သလို ပြင်ပသင်တန်းများတက်ရောက်စေခဲ့ပါတယ်။ အစ်မကတော့ (13.11.2009) ခုနှစ်မှာ Customer Services Management သင်တန်းနှင့် (3.10.2010) ခုနှစ်မှာ Marketing Management Training တို့ကို MHR ကျောင်းမှာ တက်ရောက်ခွင့် ရရှိခဲ့ပြီး သက်တန်းကြေးကို ဆေးရုံမှတာဝန်ယူခဲ့ပါတယ်။ ဌာနသို့ရောက်ရှိလာသော Junior အသစ်လေးများကိုနွေးထွေးစွာကြိုဆိုရင်း လက်တွေ့စာတွေသင်ကြားရသော ဆရာမအလုပ်ကိုလည်း အမြဲပျော်ရွှင်စွာလုပ်ဆောင်ခဲ့ကြပါတယ်။ အစ်မတို့ ဗဟိုရ်စည်ဆေးရုံကြီး တိုးတက်ဖို့ လုပ်ငန်းအတွင်းကြုံတွေရသော အခတ်အခဲများကို စုပေါင်းဖြေရှင်းခဲ့ကြရင်း အပြုံးနှင့်ရင်ဆိုင်ကာ ကျရာတာဝန်ကို ကျေပွန်စွာနှင့် မခိုမကပ်ဆောင်ရွက်နိုင်အောင် လေ့ကျင့်သင်ကြားပေးသော ပတ်ဝန်းကျင်လေးဖြစ်အောင် ဌာနကိုဖန်တီးပြီး ညီအစ်ကိုမောင်နှမ အရင်းများကဲ့သို့ လက်တွဲ လုပ်ဆောင်ကာ ပျော်စရာ အလုပ်အိမ်ကလေးဖြစ်ခဲ့ပါတယ်။ အစ်မချစ်တဲ့ အလုပ်ကို ကဗျာလေးတစ်ပုဒ်နှင့် ဖော်ပြပေးလိုက်မယ်နော်။”

“အလုပ်အိမ်”

ဘဝတစ်ခြမ်း

လွမ်းဖို့သိမ်းထားချင်သည်

ဗဟိုရ်စည်….

ဗဟိုရ်စည်ဆေးရုံကြီးတွင် ယခုလက်ရှိအချိန်ထိ သစ္စာရှိပြီး မိသားစုသဖွယ် ၂၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်နေသော အစ်မ ဒေါ်ခင်ဆွေမြင့်( Cash Manager) အား ဗဟိုရ်စည်ဆေးရုံကြီးမှ ကျေးဇူးအထူးတင်ရှိပြီး ဒီထက်မက ကောင်းမွန်သောဝန်ဆောင်မှုများနှင့် တာဝန်များဆက်လက်ထမ်းဆောင်နိုင်ပါစေကြောင်း ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်ခင်ဗျာ။

“ လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”