🌏World Malaria Day (April-25)🌏
ဧပြီလ ၂၅ရက်နေ့တွင် နှစ်စဉ်ကျင်းပသော (World Malaria Day)သည် ငှက်ဖျားရောဂါထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းသော နိုင်ငံတကာအထိမ်းအမှတ်ပွဲတစ်ခုဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှ လူပေါင်း ၃.၃ ဘီလီယံသည် ငှက်ဖျားရောဂါအန္တရာယ်ရှိနေပါသည်။ အများစုမှာ ဆင်းရဲသောနိုင်ငံများကဖြစ်ပြီး နှစ်စဉ် လူတစ်သန်းခွဲခန့်သည် ငှက်ဖျားရောဂါကြောင့် သေဆုံးကာ အများစုမှာ ကလေးများဖြစ်ကြသည်ဟု (WHO)ကဆိုထားပါသည်။ (World Malaria Day)၏ ရည်ရွယ်ချက်မှာ ငှက်ဖျားရောဂါနှင့်ပတ်သက်၍ အသိပေးမှု တိုးမြှင့်စေရန်၊ ရောဂါကိုမည်သို့ကာကွယ်နိုင်ကြောင်းသိရှိစေရန်၊ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းမျာက ငှက်ဖျား ရောဂါကာကွယ်ရေးစီမံချက်များ၊ ကုသမှုများနှင့်ပတ်သက်၍အသိပေးမှုတိုးမြှင့်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးဝန်ထမ်းများအနေဖြင့် ငှက်ဖျားရောဂါကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန် ရည်ရွယ်၍ ဧပြီ ၂၅ရက်နေ့တွင်ကျရောက်သော (World Malaria Day) ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြု လိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”