🎆🎇✨🙏ဗဟိုရ်စည်ဆေးရုံမိသားစု၏ သီတင်းကျွတ် အခါသမယ ကန်တော့ပွဲ အခမ်းအနား(၂၂.၁၀.၂၀၂၆)🎆🎇✨🙏

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သီတင်းကျွတ် အခါသမယတွင် ဗဟိုရ်စည်ဆေးရုံကြီး၏ လုပ်ငန်းခွင်အတွင်းရှိ ဆရာသမားများအား သီတင်းကျွတ်ကာလ အချိန်အခါသမယတွင် ဂါရဝတရားရှေ့ထား၍ ဗဟိုရ်စည်ဆေးရုံဝန်ထမ်းများမိသားစုမှ ရိုသေလေးစားစွာဖြင့် ကန်တော့ပွဲ ပြုလုပ်နေသည့် ဝမ်းမြောက်ဖွယ်မြင်ကွင်းများအား ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။ 🙏✨

🙏🙏🙏ကန်တော့ပွဲအခမ်းအနားတွင် ပြည်သူများအတွက်အားထားရာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောဆေးရုံကြီးအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဆက်လက်တိုးတက်စေရန် လမ်းညွှန်ဆုံးမမှုပေးနေသော ဗဟိုရ်စည်ဆေးရုံကြီး၏ Managing Director Dr.ဦးစန်းထင်အောင်၊ HR Director Dr. ဒေါ်ညွန့်ညွန့်သန်း၊ Admin Director Dr.ဦးဝင်းမြင့်သန်း၊ Clinical Director ဆေးရုံအုပ်ကြီး Dr.ဒေါ်မေရီဝင်း၊ ACCO Dr.ဦးလှဌေး၊ ACCO Dr.ဒေါ်ခိုင်ဆွေသိန်းတို့အား ဗဟိုရ်စည်ဆေးရုံဝန်ထမ်းများက ရိုသေစွာကန်တော့နေကြသော ဝမ်းမြောက်ဖွယ်မြင်ကွင်းများ။ ထို့နောက် ဗဟိုရ်စည်ဆေးရုံကြီး၏ Managing Director Dr.ဦးစန်းထင်အောင်က တက်ရောက်လာကြသော ဝန်ထမ်းများအား ဆုံးမဩဝါဒစကားချီးမြှင့်ပေးပြီး ဝန်ထမ်းများအနေဖြင့် မိမိလုပ်ဆောင်နေသည့် တာဝန်များအား အကောင်းဆုံးလုပ်ဆောင်နိုင်ပြီး ဝန်ထမ်းကောင်းများ ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးနေသောဝမ်းမြောက်ဖွယ်မြင်ကွင်းများ။✨✨✨

💐ယခုလိုမင်္ဂလာရှိသော သီတင်းကျွတ်အချိန်အခါသမယမှစ၍ ပြည်သူများအတွက်အားထားရာ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနေသော ဗဟိုရ်စည်ဆေးရုံကြီး၏ အထူးကုသမားတော်ကြီးများ မှစပြီး ကျန်းမာရေးဝန်ထမ်းအားလုံးနှင့်တကွ အနယ်နယ်အရပ်ရပ်မှ ပြည်သူများအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ပြည့်စုံပြီး ကပ်ကြီးသုံးပါးမှ ကင်းလွတ်နိုင်ကြပါစေလို့ ဗဟိုရ်စည်ဆေးရုံမိသားစုမှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။ ❤️

#Bahosihospital #သီတင်းကျွတ်ကန်တော်ပွဲ #ဗဟိုရ်စည်ဆေးရုံ #သီတင်းကျွတ်ကာလ

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”