🙏မင်္ဂလာပါခင်ဗျာ🙏
ဗဟိုရ်စည်ဆေးရုံဝန်ထမ်းများ၏ မီးသတ်သရုပ်ပြခြင်း နှင့် CME Training ပြုလုပ်ခြင်း
ဗဟိုရ်စည်ဆေးရုံကြီး၏ ဆေးရုံဝန်ထမ်းများအနေဖြင့် မီးမတော်တဆမှုများဖြစ်ပေါ်လာလျှင် ကြိုတင်ပြင်ဆင်မှုများနှင့် ကာကွယ်မှုများပြုလုပ်နိုင်ရန်အ တွက် မီးငြိမ်းသတ်မှုဆိုင်ရာ ပစ္စည်းများဖြစ်သော မီးသတ်ဆေးဗူးများ၊ မီးသတ်ပိုက်များ အသုံးပြု၍မီးငြိမ်းသတ်ပုံတို့ကိုဌာနအလိုက် ဝန်ထမ်းများအနေဖြင့် အကျွမ်းတဝင်သိရှိ အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မီးသတ်သရုပ်ပြခြင်းနှင့် CME ပြုလုပ်ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ ဗဟိုရ်စည် ဆေးရုံကြီးရှိ တိုက်(A, B, C) ၏အထပ်တိုင်းတွင် မီးသတ်(alarm)များ၊ မီးသတ်ဆေးဗူးများ(Fire Extinguisher)နှင့် မီးသတ်ပိုက်များ(Fire Hose Reel, Riser)ထားရှိပြီး လူနာများ၏ဘေးကင်းလုံခြုံမှုကို အဓိကထားဆောင်ရွက် ထားရှိပါသည်ခင်ဗျာ။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”