🌎World Hypertension Day (May-17) 2023
World Hypertension Day သည် သွေးတိုးရောဂါဟုလူသိများသော သွေးတိုးရောဂါအကြောင်းသတိပြုမိစေရန်၊ စောစီးစွာသိရှိပြီး ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်၊ သွေးပေါင်ချိန်ကိုပုံမှန်စစ်ဆေးခြင်းဖြင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ခြေကိုလျှော့ချနိုင်ကြောင်း အသိပညာပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ နှစ်စဉ် မေလ (၁၇) ရက်နေ့တွင်ကျင်းပပြုလုပ်သော World Hypertension Day အား ဗဟိုရ်စည်ဆေးရုံကြီးဝန်ထမ်းများမိသားစုမှ သွေးတိုးရောဂါကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။🎇🎆
 
👉သွေးတိုးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ
သွေးတိုးရောဂါသည် နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် လေဖြတ်ခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါများ၊ နှလုံးချို့ယွင်းမှုများနှင့် စိတ်ကျဝေဒနာများကိုဖြစ်စေနိုင်ပြီး အချိန်မတန်မီသေဆုံးခြင်းများကိုပါ ဖြစ်ပေါ်စေနိုင်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ သွေးတိုးရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိလူပေါင်း ၁.၁၃ ဘီလီယံခန့်ကို ထိခိုက်စေပြီး နှစ်စဉ် ခန့်မှန်းခြေအားဖြင့် သေဆုံးမှုမှာ ၇.၅ သန်းခန့် ဆက်နွယ်မှုရှိသည်ဟုဆိုထားပါသည်။
 
👉သွေးတိုးရောဂါကိုကာကွယ်ပါ
သွေးတိုးရောဂါကို ကာကွယ်သောအားဖြင့် ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကိုစားခြင်း၊ ဆားစားသုံးမှုကိုလျှော့ချခြင်း၊ ဆေးလိပ်နှင့် အရက်ကိုရှောင်ကြဉ်ခြင်းဖြင့် သွေးပေါင်ချိန်မြင့်မားမှုကို တားဆီးထိန်းချုပ်နိုင်ကြောင်း ပညာရှင်များကဆိုထားပါသည်။
 
ထို့ကြောင့် သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးခြင်းဖြင့် သွေးတိုးရောဂါကို စောစီးစွာသိရှိစေနိုင်ပြီး ၎င်းနှင့်ဆက်နွယ် သော ကျန်းမာရေးပြဿနာများကိုကြိုတင်ကာကွယ်နိုင်ကာ ကျန်းမာရေးရလဒ်များကို တိုးတက်ကောင်းမွန်စေနိုင်မည်ဖြစ်ပါကြောင်း ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”