🌕ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)🌕
 
၁၃၈၅ ခုနှစ် (၁.၈.၂၀၂၃) ဝါဆိုလပြည့်နေ့သည် (ဓမ္မစင်္ကြာ အခါတော်နေ့) ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်လှသော နေ့ထူးနေ့မြတ်လည်းဖြစ်ပါသည်။
 
🙏🌺ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓရှင်တော်ဘုရားမယ်တော်မဟာမာယာဒေဝီ၏ ဝမ်းကြာတိုက်သို့ ပဋိသန္ဓေယူတော်မူသောနေ့၊ မဟာသက္ကရာဇ် – ၆၇ခုနှစ် ဝါဆိုလပြည့်နေ့ (ကြာသပတေးနေ့ )၊
 
🙏🌺နိမိတ်ကြီးလေးပါးကို မြင်တော်မှု၍ တောထွက်တော်မှုသော်နေ့၊ မဟာသက္ကရာဇ်-၉၇ခုနှစ် ဝါဆိုလပြည့်နေ့ (တနင်္လာနေ့)၊
 
🙏🌺ဘုရားအဖြစ်သို့ ရောက်ရှိကာ ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစင်္ကြာ ဟောကြားတော်မှုသောနေ့၊ မဟာသက္ကရာဇ် -၁၀၃ခုနှစ် ဝါဆိုလပြည့်နေ့ (စနေနေ့ )၊
 
🙏🌺တာဝတိံသာ နတ်ပြည်တွင် သတ္တမဝါဆိုတော်မူသောနေ့၊ စသည့်ဖြင့်ထူးခြားလျက်ရှိသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
 
ထို့ကြောင့် 🌺” သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွတ်သံချို လဝါဆို” 🌺 ဟူ၍ စပ်ဆိုထားခြင်းလည်းဖြစ်ပါသည်။ ဝါဆိုလပြည့်နေ့သည် တရားဦး”ဓမ္မစင်္ကြာ” ဟောကြားသောနေ့ဖြစ်၍ “ဓမ္မစင်္ကြာနေ့” ဟု ယနေ့အချိန်ထိဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ပြုခဲ့ကြပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ထူးမြတ်လှသော ဝါဆိုလပြည့်အခါသမယတွင် ကျန်းမာချမ်းသာပြီး စီးပွါးဥစ္စာတိုးတတ်၍ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေကြောင်း ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းများမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။🙏🙏🙏

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”