🌕သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့🌕

🌺သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့သည် ရဟန်းတော်များ ဝါကျွတ်သောနေ့၊

🌺ရဟန်းသံဃာတော်များအချင်းချင်း အပြစ်ရှိကပြောကြားပါရန် အချင်းချင်းဖိတ်မန္တကပြုကြသော ပဝါရဏာနေ့၊

🌺မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားပြီး မြောက် အောင်မြင်တော်မူသောနေ့ (အဘိဓမ္မာအခါတော်နေ့)၊

🌺နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုလ်ပြည့်သို့ ဆင်းသက်တော်မူသောနေ့၊

🌺ထိုသို့ ဘုရားရှင်ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီမီးစသည့်ကို ထွန်းညှိပူဇော်သောနေ့၊

🌺လူ၊ နတ်၊ ဗြဟ္မာ သုံးဘုံမှ မြတ်စွာဘုရားအား အတူတကွ ဖူးမြော်ကြည်ညိုသောနေ့၊

🌺နတ်လူများ ဘုရားဆုပန်သောနေ့၊

🌺လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝန်းလုံး တိုးယိုပေါက်မြင်သောနေ့ စသည်ဂုဏ်ထူးဝိသေသ တို့နှင့် ပြည့်စုံသော နေ့ထူးနေမြတ်ပင်ဖြစ်ပါသည်။

🙏🙏🙏သီတင်းကျွတ်အခါသမယတွင် မြန်မာလူမျိုးတို့မှာလည်း မိမိတို့ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘဘိုးဘွားများ၊ ဆရာသမားများကို အပြစ်မှခွင့်လွှတ်စေကြောင်း ဝန်ချ၍ကန်တော့ကြသည်မှာ မြန်မာယဉ်ကျေးမှု အစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင်ဖြစ်ပါသည်။ ဤကဲ့သို့ နေ့ထူးနေ့မြတ်မှာ ကမ္ဘာသူကမ္ဘာသား အားလုံး ကိုယ်ရောစိတ်ပါနှလုံးစိတ်ဝမ်း အေးချမ်း၍ လိုရာဆန္ဒပြည့်ဝပြီး ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်ကြပါစေလို့ ဗဟိုရ်စည်ဆေးရုံကြီးက ဆုမွန်ကောင်း တောင်းအပ်ပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”