🌏World Osteoporosis Day🌏

 နှစ်စဉ် အောက်တိုဘာလ (၂၀) ရက်နေ့သည် အရိုးပါးအရိုးပွရောဂါနှင့်ပတ်သက်ပြီး အသိပေးမှုတိုးမြှင့်စေရန် ရည်ရွယ် ၍ကျင်းပသော နေ့တစ်နေ့ဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Build Butter Bones” ပိုမို ကောင်းမွန်သော အရိုးများတည်ဆောင်ခြင်း ဟူ၍ဖြစ်ပါသည်။ International Osteoporosis Foundation (IOF) ၏ဖော်ပြချက်အရ ပုံမှန်ကိုယ်အလေးချိန်ထိန်းသိမ်းရန်၊ ကြွက်သားနှင့် အရိုးများခိုင်ခံ့စေရန်နှင့် ကျန်းမာရေး ကောင်းစေရန်အတွက်လုပ် ဆောင်သင့်သည် အကြံပြုချက် (၅) ခုကိုဖော်ပြပေးလိုက်ပါသည်။

Exercise- ပုံမှန် ကိုယ်အလေးချိန်နှင့် ကြွက်သားများခိုင်ခံစေရန် လေ့ကျင်းခန်းပုံမှန်ပြုလုပ်ခြင်း၊

Nutrition– အရိုးကျန်းမာရေးအတွက်လုံလောက်သော ဗီတာမင်ဒီနှင့် အာဟာရရှိသောဓာတ်စာများကိုလုံ လောက်စွာ စားသုံးခြင်း၊

Lifestyle– ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ ဆေးလိပ်အရက် အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊

Risk Factors- အရိုကျန်းမာရေးနှင့်ပတ်သက်ပြီး အန္တရာယ်ရှိစေနိုင်သောအကြောင်းအရာများကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကုသခြင်း၊ ရိုးဆက်ရောင်ရမ်းနာပတ်သက်ပြီး မိသားစုရာဇဝင်ရှိမရှိစစ်ဆေးခြင်း၊

Testing and Treatment- မိမိတွင် အရိုးကျန်းမာရေးနှင့်ပတ်သက်ပြီးသံသရရှိပါက နားလည်တတ်ကျွမ်းသော ဆရာဝန်ကြီးများဖြင့် ဆွေးနွေးတိုင်ပင်ကုသမှုခံယူခြင်း တို့ဖြစ်ပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် အသက်(၅၀) ကျော် အမျိုးသမီးသုံးယောက်မှာတစ်ယောက်နှုန်းနှင့် အမျိုးသားငါးယောက်မှာ တစ်ယောက်နှုန်းသည် အရိုးပါးအရိုးပွရောဂါကိုခံစားနေရပါသည်။ နှာချေခြင်း (သို့မဟုတ်) ရုတ်တရက် လှုပ်ရှားခြင်း ပင်လျှင် အရိုးကျိုးပဲ့မှုကို အလွယ်တကူခံစားရနိုင်ပါသည်။ ထို့သို့အရိုးနှင့်ပတ်သက်သော ရောဂါများလျော့နည်း စေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန် ရည်ရွယ်၍ကျင်းပသော “ World Osteoporosis Day” အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

အရိုးကျန်းမာရေးအတွက် ကြိုတင်သိရှိပြီးကာကွယ်မှုများပြုလုပ်နိုင်ရန် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Bone Wellness Check-Up Package များဖြင့် ဝန်ဆောင်မှု‌ပေးနေပါသည်။ 

#WorldOsteoporosisDay #Osteoporosis#

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”