💐အရိုးသားဆုံးဝန်ထမ်းဆု💐
ဗဟိုရ်စည်ဆေးရုံကြီးတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ နှစ်ရှည်စွာ ယခုလက်ရှိအချိန်ထိ တာဝန်ကျေပွန်စွာ လက်တွဲလုပ်ကိုင်နေသော (Asst Chief Security Officer) ကိုအောင်ကျော်မင်းအား ဗဟိုရ်စည်ဆေးရုံကြီး၏ မိသားစုဝင်တစ်ဦးအနေဖြင့် ဝမ်းမြောက်စွာ အရိုးသားဆုံးဝန်ထမ်းဆုဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည် ။ 🎇🎆
 
💐မင်္ဂလာပါ ကျွန်တော့်နာမည်ကတော့ ကိုအောင်ကျော်မင်းဖြစ်ပါတယ်။ Security Department မှာ Security-Jr ရာထူးဖြင့် (၃.၁.၂၀၁၀) နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါတွင် (၁၃)နှစ် ပြည့်တော့မှာဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ (Asst Chief Security Officer) ရာထူးနဲ့ လုံခြုံရေး၊ ဓါတ်လှေကားနှင့် ကားပါကင်တို့ကို ကြီးကြပ်တာဝန်ယူလုပ်ဆောင်နေပါတယ်။ လုံခြုံရေးဌာနဖြစ်သောကြောင့် ဆေးရုံ၏လုံခြုံရေးကို အဓိက လုပ်ဆောင်ရပါသဖြင့် ဆေးရုံ၏အတွင်းအပြင်များကို Duty သီးသန့်ထားပြီး Day/Night ခွဲကာ တာဝန်ပေး ခြင်းများကိုဆောင်ရွက်ရပါတယ်။ ဓါတ်လှေကားနှင့်ဆိုင်သော လုပ်ငန်းများကိုလည်း ပူးတွဲလုပ်ဆောင်ရပါ တယ်။ မီးဘေးလုံခြုံရေးအတွက် လက်တွေ့သင်တန်းများလာ၍ ပြသပို့ချသောအခါ သေချာစွာလက်တွေ့ တက်ရောက်ခဲ့ပါတယ်။ ထို့အပြင် ဓါတ်လှေကား ကုမ္ပဏီမှဓါတ်လှေကားနှင့်ပတ်သက်၍ လာရောက်ရှင်းပြ သည့်အခါတိုင်း ဓါတ်လှေကား ပိတ်မိလျှင် မည်သို့ပြုလုပ်ရမည်စသည့် လက်တွေ့သရုပ်ပြသည်များကို လည်း ကိုယ်တိုင်ပြုလုပ်ရပါတယ်။ ဓါတ်လှေကားများ အကြောင်းအမျိုးမျိုးကြောင့် တစ်စုံတစ်ရာ စက်ချို့ယွင်းမှု ရှိလျှင်လည်း M&E ဌာနနှင့်ပူးပေါင်၍ အမြန်ဆုံးတာဝန်ယူ ဆောင်ရွက်ပေးရပါတယ်။ ကားပါကင်နှင့်ပတ်သက်ပြီး တာဝန်ယူလုပ်ဆောင်ရတာတွေကတော့ ဆေးရုံသို့လာသော ဆရာဝန်ကြီးများ ၏ကားများ၊ နေ့စဉ်နှင့်အမျှ ဆေးရုံသို့ လူနာလာပြသောဆေးရုံတက်နေသော လူနာရှင်များ၏ကားများနှင့် ဝန်ထမ်းများ၏ကားများကို အတတ်နိုင်ဆုံးနေရာရရန် စီစဉ်ဆောင်ရွက်ပေးရပါတယ်။ ဆေးရုံသို့ လာသော လူနာများအား Wheel Chair, Trolley တို့ဖြင့် ၎င်းတို့ပြသမည့် ဆရာဝန်ထိုင်သောအခန်းသို့ လိုက်လံပို့ဆောင်ပေး ခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။ ထို့အပြင် Ambulance ယာဉ်ဖြင့်လိုက်ပါပြီး လူနာသွားခေါ်ရခြင်း၊ လူနာသွားပို့ရခြင်းတိုဆောင်ရွက်ရာတွင် လူနာရှိသောအထပ်များသို့လူနာထမ်းစင်ဖြင့် လူနာထမ်းတင်၊ ထမ်းချပြုလုပ်ခြင်း၊ ထမ်းပုံထမ်းနည်းစနစ်များ သင်ကြားပေးခြင်း၊ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရပါတယ်။
 
💐ဆယ်စုနှစ်တစ်ခုကျော်ကြာ ပျော်ရွှင်စွာတာဝန်ထမ်းဆောင်ရသောအကြောင်းအရင်းတွေကတော့ ဆေးရုံရှိ အုပ်ချုပ်သောဒါရိုက်တာများ၊ အခြားသောဌာနမှ အကြီးအကဲများနှင့် မိမိတို့ Security ဌာနမှ အကြီးများမှာ ဝန်ထမ်းအားလုံးကို ကျောသား ရင်သား မခွဲခြားပဲအုပ်ချုပ်သောကြောင့်ဖြစ်ပါတယ်။ ဌာနတစ်ခုနှင့် တစ်ခု ဆက်ဆံရေးမှာလည်း ရာထူးကြီး ငယ်အလိုက် မောက်မာမနေဘဲလုပ်ငန်းသဘောအရပြောဆိုသည်မှာလည်း ယဉ်ကျေးပျူငှာကြပါတယ်။ ဝန်ထမ်းတစ်ဦးအား အလုပ်သမားတစ်ယောက်လိုသဘောမထားဘဲ နားဝင် အောင်ပြော၍ လုပ်စေခြင်း၊ လုပ်ငန်းတစ်ခုအား နားလည်သဘောပေါက်အောင် သင်ပြပြောဆိုခြင်း( ဥပမာ- လူနာ လူနာရှင်များ၊ ဆရာဝန်ကြီးများ နှင့် ဆက်ဆံနေထိုင်ပြောဆိုပုံ၊ Ambulance လိုက်သည့်အခါနှင့် ဓါတ်လှေကားမောင်း သည့်အခါ လုပ်ဆောင်ပုံတို့ကို သင်ကြားပေးခြင်းဖြစ်ပါတယ်)။ ဒါရိုက်တာ (ဌာနအကြီးအကဲ) နှင့် ဆရာဝန်ကြီးများကအလျင်းသင့်သလို ဆေးရုံတစ်ခုလုံးအား မုန့်ကျွေးပါတယ်။ (ရခိုင်မုန့်တီ၊ ရှမ်းခေါက်ဆွဲ) ….စသည်ဖြင့် မကြာခဏပျော်ရွှင်စွာ ဝိုင်းဖွဲ့စားသောက်ခွင့်ရရှိကြပါတယ်။
 
👮‍♂️ကျွန်တော်တို့ Security ဌာနမှာ ယောင်္ကျားလေး အယောက်(၅၀)ကျော်ရှိပါတယ်။ တစ်ဦးနှင့် တစ်ဦး ညီအစ်ကို သူငယ်ချင်းအရင်းများကဲ့သို့ ပေါင်းသင်းဆက်ဆံကာ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီကာ အဖွဲ့အတွင်း သာရေး၊ နာရေးကိစ္စနှင့် အခြားလူမှုရေးကိစ္စများကိုလည်း ကူညီဆောင်ရွက်ပေးပါတယ်။ ဆေးရုံရှိ အလှစိုက်ပန်းပင်များကိုလည်း မညှိုးနွမ်းစေရန်နှင့် အပင်များရှင်သန်အောင် အမြဲဂရုစိုက် ရေလောင်းပေါင်းသင်ပေးပါတယ်။ ထို့အပြင် ကျွန်တော်တို့ ဝန်ထမ်းများအနေဖြင့် ဆေးရုံသို့လာသော လူနာ၊ လူနာရှင်နှင့် ဆရာဝန်ကြီးများ၊ ဝန်ထမ်းများ၏ မေ့ကျန်ပစ္စည်းများ၊ အခြားထွက်ကျခဲ့သော ပိုက်ဆံအိတ်နှင့် ရွှေငွေတို့အား ကောက်ရပါက MO-IC ထံအပ်နှံပေးခြင်းများကိုဆောင်ရွက်ပေးပါတယ်။
 
👮‍♂️လုပ်ဖော်ကိုင်ဖက်တွေနဲ့ လုပ်ငန်းခွင်မှာပျော်ရွှင်ရသည်မှာ အလုပ်စဝင်သည့်နေမှစ၍ ယနေ့အထိ Security Dept; မှာ ရာထူးကြီးငယ်အလိုက် ညီအစ်ကို သူငယ်ချင်းလိုကူညီဆက်ဆံကြပါတယ်။ ရာထူးကြီး၍ အခွင့်အာဏာကိုသုံးပြီးခိုင်းစေခြင်း မတရားခိုင်းစေခြင်းများမရှိခြင်းကြောင့် ပျော်ရွှင်ရပါတယ်။ အချင်းချင်း လုပ်ငန်းခွင်တွင်စည်းလုံးမှုရှိကြပါတယ်။ မိမိမသိသေးသော လုပ်ငန်းအကြောင်းအရာများကိုလည်း စာဖြင့် သင်ခြင်း၊ လက်တွေ့နားလည်အောင်ပြသပေးခြင်းများကိုလည်း ခေါင်းဆောင်မှစိတ်ရှည်စွာ သင်ကြားပြသ ပေးပါတယ်။ တစ်နှစ်တစ်ခါ ခရီးသွားလာခွင့်အစီစဉ်ကိုလည်း အလွန်ပျော်ရွှင်သဘောကျ ကြပါတယ်။ ထိုသို့ခရီးသွားရန်အတွက်ခွင့်ပြုသောဌာန၏ အုပ်ချုပ်မှုဒါရိုက်တာအား လေးစားစွာဖြင့် အထူး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဌာန၏ ခရီးသွားလာရေးအတွက် အကူအညီအထောက်အပံ့များစွာ ဖြစ်စေဖို့ OPD ၊ ဓါတ်မှန်နှင့် ခွဲခန်း ထိုင်သော ဆရာဝန်ကြီးများက ခရီးသွားရန် မုန့်ဖိုးပေးသောကြောင့် အလွန်ပဲပျော်ရွှင်ရပါတယ်။
 
💐ဆေးရုံမှဝန်ထမ်းများအား ထောက်ပံ့မှုတွင် ဝန်ထမ်းများအတွက် (ဝန်ထမ်း SPF Fund) စုပေးခြင်း ထိုသို့စုသူများသည် မိမိစုငွေ၏ရာခိုင်နှုန်းအလိုက် ကုမ္ပဏီမှငွေထပ်ထည့်၍ငွေထပ်ဆောင်းပေးခြင်း တစ်နှစ်ပြည့် စုသူများအတွက်လည်း ပြန်လည်ငွေချေးပေးခြင်းတို့ကို ပြုလုပ်ပေးပါတယ်။ ဝန်ထမ်းများ သာရေး နာရေးအတွက်လည်း HR ဌာနမှစီစစ်၍ ထောက်ပံ့ကြေးများပေးပါတယ်။ ဆေးရုံမှ တာဝန်ယူ၍ဌာနအလိုက် ဝန်ထမ်းများကို မြို့နယ်နှင့်ဆက်သွယ်၍ Covid ကာကွယ်ဆေးများထိုးပေးခြင်း၊ ရာသီအလိုက်ကာကွယ်ဆေးများ ဆေးရုံမှထိုးပေးခြင်းတို့အပြင် နှစ်စဉ်ငွေစုသူများအား မဲနှိုက်ပေးခြင်း နှစ်စဉ် Happy New Year, Staff Party များပြုလုပ်ပေးပြီး မဲနှိုက်ပေးခြင်း ဝန်ထမ်းများ Bonus များပေးခြင်း ပြုလုပ်ပေးပါတယ်။ ထို့အပြင် ရက်မပျက် ဝန်ထမ်းဆု၊ ရိုးသားဖြောင့်မတ်ဆု၊ နှစ်ရှည်ဝန်ထမ်းဆုများကိုလည်း ဆုချဂုဏ်ပြုပေးပါတယ်။ မိမိအနေနဲ့လည်း ရိုးသားဝန်ထမ်းဆုရလို့အရမ်းကို ဂုဏ်ယူဝမ်းမြောက်ရပါတယ် ကိုယ်လက်အောက် ဝန်ထမ်းတွေလည်း အတုယူစရာဖြစ်စေတဲ့အတွက် အရမ်းပဲဝမ်းသာမိပါတယ်။
 
💐💐ဗဟိုရ်စည်ဆေးရုံကြီးတွင် ယခုလက်ရှိအချိန်ထိ တာဝန်ကျေပွန်စွာ မိသားစုသဖွယ် ၁၃နှစ် ကြာ ရိုးသားကြိုးစားစွာတာဝန်ထမ်းဆောင်နေသော ကိုအောင်ကျော်မင်း (Security Supervisor) အား ဗဟိုရ်စည်ဆေးရုံကြီးက ကျေးဇူးအထူးတင်ရှိပြီး ဒီထက်မက ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် တာဝန်များဆက်လက် ထမ်းဆောင်နိုင်ပါစေကြောင်း ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်ခင်ဗျာ။ 🎆🎇 🥰🥰

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”