World Health Day (April – 7)
၂၀၂၃ ခုနှစ် ဧပြီလ (၇)ရက်နေ့တွင် ကျရောက်သော (၇၅)ကြိမ်မြောက် “World Health Day” အား ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းများမိသားစုမှ ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသောဘဝများ ပိုင်ဆိုင် နိုင်စေရန်အတွက် ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကျန်းမာရေးနေ့သည် WHO နှင့် အခြားကျန်းမာရေးအဖွဲ့ အစည်းများ၏နှစ်စဉ်ကျင်းပသော (၇၅)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် သတိပေးသောနေ့တစ်နေ့ဖြစ်ပါသည်။ ယခုနှစ် World Health Day ၏ဆောင်ပုဒ်မှာ “Health for All” ဖြစ်ပါသည်။ ကျန်းမာရေးစိန်ခေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် နှင့် ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအသိပညာများနှင့် မှန်ကန်သောကျန်းမာရေးစောင့်ရှောက်မှုများအား သိရှိနိုင် ရန်အတွက် လှုံဆော်မှုပေးခြင်းဖြင့် ကျင်းပသောနေ့တစ်နေ့ဖြစ်ပါသည်။
ကျန်းမာပျော်ရွှင်သောမိသားစုဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ကျန်းမာရေးစစ်ဆေးလိုပါက ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Upဌာနတွင် တိကျသောအဖြေများရရှိစေရန်အတွက် အကောင်းဆုံး စစ်ဆေးဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”