🧑‍⚕️👩‍⚕️National Doctors’ Day 2024 Celebration🎉🎉🎉

💐💐မတ်လ (၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်သော နိုင်ငံလုံးဆိုင်ရာ 🧑‍⚕️👩‍⚕️ဆရာဝန်များနေ့ National Doctors’ Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။

ဗဟိုရ်စည်ဆေးရုံကြီးနှင့်တကွ ကမ္ဘာ့နိုင်ငံဒေသ နယ်ပယ်အသီးသီးတွင် လူနာများ၏အသက်ပေါင်းများစွာကို ကယ်တင် ပေးနေသည့် ဆရာဝန်များအားကျေးဇူးတင်လေးစားဂုဏ်ပြုသောအားဖြင့် ဗဟိုရ်စည်ဆေးရုံကြီးတွင် National Doctors’ Day အား ကျင်းပပြုလုပ်ပေးနေသည့် ဝမ်းမြောက်ဖွယ်မြင်ကွင်းများအား ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

” National Doctors’ Day” အထိမ်းအမှတ်အဖြစ် ဗဟိုရ်စည်ဆေးရုံကြီးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသော ထူးချွန် Doctors များကို ဆုတံဆိပ်များချီးမြှင့်ခြင်းဖြင့် ဂုဏ်ပြုလိုက်ရပါသည်။🎉🎉🎉

💐ဗဟိုရ်စည်ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် “National Doctors’ Day” အားဂုဏ်ပြုသောအားဖြင့် တက်ရောက်ပြီး ဆုချီးမြှင့်ကြသော ဗဟိုရ်စည်ဆေးရုံကြီး၏ MD, Executive Directors, HR Director, ACCO ဒုဆေးရုံအုပ်ကြီးများကို ကျေးဇူးအထူးတင်ရှိပါသည်။ ထို့အပြင်ဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဧည့်သည်တော် များကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

💐National Doctors’ Day ဂုဏ်ပြုပွဲအတွက် Sponsor ပေးသည့် Pahtama Group Co.,ltd-Abbott Nutrition မှတာဝန်ရှိသူများအား ဗဟိုရ်စည်ဆေးရုံကြီးကအထူးပင် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”