🤱🤱World Breastfeeding Week
ကမ္ဘာ့တစ်ဝန်းတွင် နို့တိုက်မိခင်များနေ့ကို နှစ်စဉ် ဩဂုတ်လ ၁ရက်နေ့မှ ဩဂုတ်လမှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ မိမိရင်သွေးငယ်များ၏ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေရန်အတွက် မွေးဖွားချိန် ပထမ ခြောက်လ အတွင်းသီးသန့် မိခင်နို့တိုက်ခြင်းကို မြှင့်တင်ရန် ရည်ရွယ်ချက်နှင့် အနည်းဆုံး (၁)နှစ် နှင့် (၂)နှစ် သို့မဟုတ် ထိုထက်မက မိခင်နို့တိုက်ကျွေးခြင်းကိုပြုလုပ်နိုင်ရန်အတွက် နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
🤱မိခင်နို့တိုက်ကျွေးခြင်းအကျိုးကျေးဇူးများမှာ
👉ကလေး၏ပထမဦးဆုံးခြောက်လအတွက်လိုအပ်သမျှ အာဟာရတွေကို ဖြည့်ဆည်းပေးပြီ အရွယ်ရောက် ကြီးပြင်းလာတဲ့နောက်ပိုင်း အဝလွန်နိုင်ခြေနှင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေနိုင်ခြင်း၊
👉မွေးကင်းစကလေးများနှင့် နို့စို့ကလေးများတွင် သေဆုံးမှုကို လျော့နည်းစေပြီး ကလေးကိုတစ်သက်လုံး ကျန်းမာရေးနှင့် ဦးနှောက်ဖွံ့ဖြိုးမှု၊ အရိုးဖွံ့ဖြိုးမှု အကျိုးကျေးဇူးများစွာ ရရှိစေခြင်း၊
👉မိခင်နို့တွင် ပဋိပစ္စည်းများပါဝင်ပြီး ကလေးကို ကူးစက်ရောဂါတိုက်ဖျက်ရန် ကူညီပေးသည့် သွေးဆဲလ်ဖြူ များလည်း ပါရှိခြင်းကြောင့် နားကူးစက်ခြင်း၊ အသက်ရှူလမ်းကြောင်းကူးစက်ခြင်း၊ အစာအိမ်ရောင်ရောဂါ နှင့် Necrotizing Enterocolitis (NEC) အပါအဝင် ကလေးငယ်၏ သာမန်ကလေးရောဂါအန္တရာယ်ကို လျော့နည်းစေနိုင်ခြင်း၊ စသည့်အကျိုးကျေးဇူးများကိုရရှိစေနိူင်ပါသည်ခင်ဗျာ။
မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်များ၏ ပထမဆုံးကာကွယ်ဆေးအဖြစ်လည်း ဆောင်ရွက်ပြီး ကလေးဘဝရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။‎ ရင်သွေးငယ်များ အနာရောဂါကင်းဝေးပြီး ကျန်းမာ ပျော်ရွှင် ခွန်အားပြည့်စေဖို့အတွက် မိခင်နို့ရည်ကို မိမိရင်သွေးအားတိုက်ကျွေးရန် နှိူးဆော်ရင်း ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးက “World Breastfeeding Week” ကြိုဆို ဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”