ကမ္ဘာ့တစ်ဝန်းတွင် နို့တိုက်မိခင်များနေ့ကို နှစ်စဉ် ဩဂုတ်လ ၁ရက်နေ့မှ ဩဂုတ်လမှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ မိမိရင်သွေးငယ်များ၏ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေရန်အတွက် မွေးဖွားချိန် ပထမ ခြောက်လ အတွင်းသီးသန့် မိခင်နို့တိုက်ခြင်းကို မြှင့်တင်ရန် ရည်ရွယ်ချက်နှင့် အနည်းဆုံး (၁)နှစ် နှင့် (၂)နှစ် သို့မဟုတ် ထိုထက်မက မိခင်နို့တိုက်ကျွေးခြင်းကိုပြုလုပ်နိုင်ရန်အတွက် နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်များ၏ ပထမဆုံးကာကွယ်ဆေးအဖြစ်လည်း ဆောင်ရွက်ပြီး ကလေးဘဝရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ ရင်သွေးငယ်များ အနာရောဂါကင်းဝေးပြီး ကျန်းမာ ပျော်ရွှင် ခွန်အားပြည့်စေဖို့အတွက် မိခင်နို့ရည်ကို မိမိရင်သွေးအားတိုက်ကျွေးရန် နှိူးဆော်ရင်း ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးက “World Breastfeeding Week” ကြိုဆို ဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Bahosi Hospital Viber
- Bahosi Hospital Facebook
- Bahosi Hospital TikTok
- Bahosi Hospital YouTube
- Email: bahosihospital@gmail.com
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
