
World Radiography Day (WRD)ကို နှစ်စဉ် နိုဝင်ဘာလ(၈)ရက်နေ့တွင် နိုင်ငံတကာ ဓါတ်မှန်ပညာရှင်များနှင့် ဓါတ်မှန်နည်းပညာရှင်များအသင်း (ISRT)1က ဖွဲ့စည်းခဲ့ပြီး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ၁၈၉၅ ခုနှစ်တွင် ဂျာမန် ရူပဗေဒပညာရှင် ဝီဟဲမ်ရွမ်ဂျန် (Wilhelm Roentgen)က Radiology ပညာရပ်ရှာဖွေတွေ့ရှိသောနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်၍ ဤရှာဖွေမှုတွင် ပုံရိပ်နည်းအမျိုးမျိုးပါဝင်ပြီး ကမ္ဘာတစ်ဝန်းရှိဓါတ်မှန်ပညာရှင်များသည် Radiology ပညာရပ်များဖြင့် ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အရေးပါအထောက်အကူဖြစ်စေသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ အဆစ်များနှင့်တစ်ရှူးများအပါအဝင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအများစုကို ကမ္ဘာတစ်ဝန်းရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ဆေးဘက်ဆိုင်ရာ ပုံရိပ်များအားစစ်ဆေးမှုများပြုလုပ်ပြီး ရောဂါအမည်တပ်ပုံနှင့်ကုထုံးများကို ပိုမိုသိရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။