ECHOCARDIOGRAM

09

Echocardiogram(နှလုံးဓါတ်မှန်ရိုက်ခြင်း)

မောပန်းခြင်း၊ အသက်ရှုရတာအဆင်မပြေဖြစ်ခြင်းနှင့် မေ့မြောခြင်းကဲ့သို့သော ရောဂါလက္ခဏာများ ကြုံတွေ့လာရရင် Echo ရိုက်သင့်ပြီး သက်ဆိုင်ရာဆရာဝန်၊ ဆရာမများနှင့် တိုင်ပင်ဆွေးနွေးကာ ကုသမှုခံယူသင့်ပါသည်။ Echo ရိုက်ခြင်းဖြင့် နှလုံးကြွက်သားလှုပ်ရှားမှု ပုံမှန်ဟုတ်/မဟုတ်၊ နှလုံးသွေးကြောနှင့်နှလုံးတည်ဆောက်ပုံ၊ နှလုံးစည်းချက်ကိုလေ့လာရန်နှင့် လုပ်ဆောင်မှုတို့ကို ခွဲခြားသိစေရန်အတွက် သိရှိနိုင်ပါသည်။ ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် နိုင်ငံတကာအဆင့်မီ ဂျပန်နိုင်ငံမှတင်သွင်းသော  APLIO300 TUSA TOSHIBA JAPAN စက်ကြီးများကိုအသုံးပြုကာ ကျွမ်းကျင်သောဓါတ်မှန်ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာ (၂၄)နာရီဆောင်ရွက်ပေးနေပါသည်။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”