ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့မမေ့နဲ့နော်
မိုးရာသီကာလသို့ ရောက်ရှိတော့မှာဖြစ်သောကြောင့် ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်များကို ကြိုတင်သိရှိထားပြီး ရောဂါများမဖြစ်မီ ကြိုတင်ကွာကွယ်နိုင်ရန်အတွက်ဖော်ပြပေးလိုက် ပါတယ်ခင်ဗျာ။


သာမန်အအေးမိခြင်း သို့မဟုတ် တုပ်ကွေးဖြစ်စေမည့်
ဗိုင်းရပ်စ်ကူးစက်ခြင်းများဟာ ပြင်းထန်သော ကျန်းမာရေးအန္တရာယ် အမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဦးဆုံးအနေနဲ့ သာမန်အအေးမိခြင်းနှင့် တုပ်ကွေးကို ခွဲခြားသိမြင်ရန်လိုအပ်ပါတယ်။ သာမန်အအေးမိခြင်း၏ ရောဂါလက္ခဏာသုံးမျိုးမှာ လည်ချောင်းနာခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့ဖြစ်ပါတယ်။ သာမန်အအေးမိခြင်းနှင့် တုပ်ကွေးရောဂါ သည် ရောဂါလက္ခဏာတူများစွာရှိသော်လည်း တုပ်ကွေးရောဂါကူးစက်ခံရပါက အပူချိန်မြင့်မားခြင်း၊ ဖျားခြင်း၊ ခန္ဓာကိုယ် ညောင်း၊ ကိုက်၊ ခေါင်းအုံ၊ ခေါင်းကိုက်နာကျင်ခြင်းနှင့် နှာရည်ကျ၊ ချောင်းဆိုးခြင်းများ ကို ဖြစ်စေနိုင်ပါတယ် ။ CDC ၏ပြောကြားချက်အရ တုပ်ကွေးရောဂါဟာ မည်သည့်အချိန်တွင်မဆို ဖြစ်ပွား နိုင်သော်လည်း ရောဂါအများစုမှာ ရာသီအကူးအပြောင်းကာလများတွင် အဖြစ်များတယ်ဟုဆိုထားပါတယ်။
























အအေးမိခြင်း၊ တုပ်ကွေးနှင့် အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဟာ လူတစ်ဦးမှတစ်ဦးသို့ပို၍ ကူးစက်ရန် လွယ်ကူစေနိုင်သောကြောင့် တုပ်ကွေးကာကွယ်ဆေးရရှိခြင်းက တုပ်ကွေးရောဂါ အခြေအနေများကို လျှော့နည်းစေနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းတွင် တုပ်ကွေးရောဂါနှင့် ဆက်နွယ်နေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကြောင့် သေဆုံးမှုလျှော့နည်းစေရန်အတွက် ရာသီအလိုက် ကာကွယ်ဆေး ထိုးခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။







တုပ်ကွေးရောဂါသည် အဆုတ်အပါအဝင်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာများကို အဓိကထိခိုက်စေနိုင်ပြီး ပြင်းထန်သောရောဂါတစ်ခုကိုဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်မရွေးနှင့် အခြေခံကျန်းမာရေး ပြဿနာ ရှိသူများတွင် အများအားဖြင့် ဖြစ်ပွါးစေနိုင်ပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(CDC) ၏အဆိုအရ ကလေးများနှင့် အသက်ကြီးပိုင်းလူများအတွက် နှစ်စဉ်တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးရန် အကြံပြုထားပါတယ်။


“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”


