ဆောင်းရာသီတွင်အဖြစ်များသောကျန်းမာရေးပြဿနာများ

 ချမ်းအေးသော ဆောင်းရာသီအကူးအပြောင်းကာလမှာ လူကြီး၊ လူငယ်များနှင့် ကလေးများတွင် ဖြစ်ပွားတတ်သော အဖြစ်များဆုံးရောဂါများနှင့် ကျန်းမာရေးဆိုင်ရာကာကွယ်မှုအချို့ကို ဗဟုသုတအလို့ငှါ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

🔷Influenza (တုပ်ကွေး)- 🦠Influenza သည် အလွန်ကူးစက်တတ်သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပြီး များသောအားဖြင့် ဆောင်းရာသီတွင် အဖြစ်များဆုံးဖြစ်ပါသည်။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းစသည့် ရောဂါလက္ခဏာများကို ဖြစ်စေနိုင်ပါသည်။ တုပ်ကွေးရောဂါကူးစက်နိုင်ခြေကို လျှော့ချရန် အပြင်သွားတိုင်း 😷Mask တပ်ခြင်း၊ 🤗လက်ကိုမကြာခဏဆေးခြင်း၊ 💉နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးခြင်းတို့သည် 🛡🛡အကောင်းဆုံးကာကွယ်မှုဖြစ်ပါသည်။

🔷Common Cold – 🥶သာမန်အအေးမိခြင်းသည် ဗိုင်းရပ်စ်အမျိုးမျိုးကြောင့်ဖြစ်ပွားပြီး နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် လည်ချောင်းနာခြင်းစသော လက္ခဏာများ ဖြစ်လာနိုင်ပါသည်။

🔷အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများ- လည်ချောင်းနာခြင်းနှင့် အဆုတ်ရောင်ခြင်းအပါအဝင် အမျိုးမျိုးသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများသည် အေးသောရာသီဥတုတွင် ပို၍အဖြစ် များပါသည်။ ဤအခြေအနေများသည် ဗိုင်းရပ်စ်များ သို့မဟုတ် ဘက်တီးရီးယားများကြောင့်ဖြစ်နိုင်ပြီး မကြာခဏ ချောင်းဆိုးခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အသက်ရှုရခက်ခဲခြင်းများကိုဖြစ်လာနိုင်ပါသည်။

🔷ပန်းနာရင်ကျပ်ရောဂါ ပိုမိုဆိုးရွားခြင်း- ဆောင်းရာသီ ခြောက်သွေ့သောလေထုထဲတွင် အမှုန်အမွှားများ ပြည့်နေတတ်သောကြောင့် ပန်းနာရင်ကျပ်ရောဂါရှိသူများတွင် ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို ဆိုးရွားစေနိုင်ပါသည်။ အေးသောလေသည် အသက်ရှူလမ်းကြောင်းကိုကျဉ်းစေပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သည်။ နွေးနွေးထွေးထွေးနေပြီး အပြင်ထွက်တိုင်း MASK တပ်သင့်ပါသည်။

🔷Seasonal Affective Disorder (SAD)- အချို့သောလူများသည် ရာသီအလိုက် သက်ရောက်မှု ရှိသောရောဂါ (Seasonal Affective Disorder) ဟုခေါ်သော စိတ်ကျရောဂါတစ်မျိုးကို ခံစားရတတ် ပါသည်။ ရောဂါလက္ခဏာများတွင် အားအင်နည်းသလိုခံစားရခြင်းနှင့် အိပ်ချင်စိတ်များခြင်းတို့ ပါဝင်နိုင် သည်။ ထို့ကြောင့် သူငယ်ချင်းများနှင့် ပျော်ရွှင်စွာနေပြီး မိမိကိုယ်ကို တက်ကြွပျော်ရွှင်စွာ ကြိုစားနေထိုင် သင့်ပါသည်။

🔷ခြောက်သွေ့သောအသားအရေနှင့် နှုတ်ခမ်းကွဲခြင်း- အေးသောရာသီဥတုတွင် စိုထိုင်းဆနည်းပြီး အေးမြ ခြောက်သွေ့သောလေထုကြောင့် အရေပြားခြောက်သွေ့ခြင်းနှင့် ယားယံခြင်းများအပြင် နှုတ်ခမ်းကွဲခြင်း၊ ခြေဖနောက်ကွဲခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အစိုဓာတ်ထိန်းသော Moisturizer လိုးရှင်းများကို နေ့စဉ်လိမ်းပေးပြီး ရေဓာတ်ကိုထိန်းထားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အဆိုပါပြဿနာများကို သက်သာစေနိုင်ပါသည်။

🔷ထိခိုက်ဒဏ်ရာပြဿနာများ- ဆောင်းရာသီတွင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အရိုးအဆစ် ရောင်ရမ်းနာ ကျဉ်ခြင်းဖြစ်တတ်သူများတွင် ပိုမိုနာကျင်တတ်ပြီး လှုပ်ရှားတိုင်းနာကျင်ခြင်းကြောင့် နွေးနွေးထွေးထွေး နေပြီး ဆရာဝန်ညွှန်ကြားသောအချက်များကို လိုက်နာပြီး ဂရုစိုက်သင့်ပါသည်။

❄️🥶ယခုလိုဆောင်းရာသီတွင် အဖြစ်များသောရောဂါများနှင့် ကျန်းမာရေးဆိုင်ရာ အထက်ပါပြဿနာများ ကို ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုရှိခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ရေအလုံအ လောက်သောက်ခြင်း၊ လိုအပ်လျှင်ကာကွယ်ဆေးထိုးခြင်း၊ နွေးနွေးထွေးထွေးဝတ်စားဆင်ယင်ခြင်း၊ အာဟာရမျှတသော အစားအသောက်များကို စားသုံးခြင်းအပါအဝင် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင် မှုပုံစံကို ထိန်းသိမ်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးချက်များ ပြုလုပ်ခြင်းတို့သည် အရေးကြီးပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့် ကြိုတင်သတိထားမှုများသည် ဆောင်းရာသီတွင် ဖျားနာမှုအန္တရာယ်နှင့် အခြားမလိုလားအပ်သောရောဂါများကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း အကြံပြု ချက်အချို့ကို ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

🦠💉တုပ်ကွေးကာကွယ်ဆေးထိုးခြင်းနှင့် 🩺🩺🩺ကျန်းမာရေးစစ်ဆေးချက်များကိုပြုလုပ်လိုပါက ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် ကျွမ်းကျင်သောကျန်းမာရေးဝန်းထမ်းများက အကောင်းဆုံးဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးနေပါသည်ခင်ဗျာ။

 

လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

 

☎Phone – 01-2300631 (Hot Line), 2300502 to 2300514, Ext – 4001, 4002, 4010, 4505

📧Email: bahosihospital@gmail.com

📧Web Mail: bahosihospital@bahosihospital.com

🛰Website: www.bahosihospital.com

🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

More Health Info⇐