အိပ်စက်ခြင်းနှင့် ကျန်းမာရေး
 အိပ်စက်ခြင်းသည်ကျွန်တော်တို့ ပုံမှန်လုပ်ဆောင်နေသော အစားအသောက်၊ အသက်ရှူခြင်းစသည့် အခြေခံလိုအပ်ချက်များကဲ့သို့ အရေးကြီးလှပါသည်။ ဘဝတစ်လျှောက်လုံး ကျန်းမာရေးကောင်းပြီး ပျော်ရွှင်စွာနေထိုင်နိုင်ရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ အိပ်စက်ခြင်းသည်အရေးကြီးသော အခန်းကဏ္ဍက ပါဝင်နေပါသည်။

 

 🌃အိပ်ရေးပျက်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ
ယနေ့ခေတ်တွင် ကလေးရောလူကြီးပါမကျန် ဖုန်းများ၊ ဂိမ်းများ၊ အင်တာနက်များ ကျယ်ပျံ့စွာ အသုံးပြုလာခြင်းကြောင့်သော်လည်းကောင်း အခြားလူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေး ပြဿနာများကြောင့်သော်လည်းကောင်း အချို့ညဘက်မအိပ်သောလူများအတွက် အိပ်ရေးပျက်ခြင်းများကိုဖြစ်စေနိုင်ပြီး အိပ်ရေးပျက်ခြင်းကြောင့် ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ၊ ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးခြင်းများကိုပါ ဖြစ်ပေါ်စေနိုင်ပါသည်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို မည်သို့ထိခိုက်စေနိုင်ကြောင်းကို နားလည် သဘောပေါက်ရန်အလွန်အရေးကြီးလှပါသည်။ အိပ်ရေးပျက်ခြင်းသည် အလုပ်၊ ကျောင်း၊ ကားမောင်းခြင်းနှင့် လူမှုရေးလုပ်ဆောင်မှုများကို ထိခိုက်စေနိုင်ပြီး ကျန်းမာရေးပြဿနာများဖြစ်သော နှလုံးရောဂါ၊ ကျောက်ကပ် ရောဂါ၊ သွေးတိုးရောဂါ၊ အသဲရောဂါ၊ ဆီးချိုးရောဂါ၊ လေဖြတ်ခြင်း၊ အဝလွန်ခြင်းနှင့် စိတ်ကျဝေဒနာအပါအဝင် နာတာရှည်ကျန်းမာရေးပြဿနာများနှင့်လည်း ဆက်နွယ်လျက်ရှိပါသည်။ အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်ခံအားလျော့နည်းလာပြီး ဖျားနာခြင်းများကိုပါဖြစ်စေနိုင်ပါသည်။ သက်ကြီးရွယ်အိုများတွင် အိပ်ရေးပျက်ခြင်းကြောင့် အရိုးကျိုးခြင်းကိုဖြစ်စေနိုင်ရန်အတွက် အခွင့်အလမ်းပိုများပါသည်။ အိပ်ရေးလုံလောက်စွာ မရရှိခြင်းသည် လူတစ်ဦး၏စိတ်နေစိတ်ထား၊ မှတ်ဉာဏ်နှင့် ကျန်းမာရေးပြဿနာများကို များစွာထိခိုက်နိုင်သည် ဟု ဂျွန်ဟော့ကင်းစ်ဆေးရုံ၏ အိပ်ရေးသုတေသနပြုပညာရှင်များက ဆိုထားပါသည်။
 
🌃အိပ်ရာဝင်ခါနီးသတိပြုပါ
ကျန်းမာရေးကောင်းအောင် အိပ်စက်နိုင်ရန်အတွက် အိပ်ရာဝင်ခါနီး ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ် စားသောက်ခြင်းစသည့် ကဖိန်းဓာတ်ပါသော အစားအသောက်များကိုရှောင်ကြဉ်ပါ။ အိပ်ရာမဝင်ခင် ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်အသုံးပြုမှုကို ရှောင်ကြဉ်ပါ။ အိပ်ရာအတွင်းအလုပ်တာဝန်များမသယ်လာပါနှင့် မိမိအိပ်ခန်းအား မီးပိတ်ပြီး အေးအေးဆေးဆေးအနားယူပါ။ အိပ်စက်ခြင်းဖောင်ဒေးရှင်း၏အဆိုအရ လူအများစုသည် တစ်ညလျှင် (၇)နာရီမှ (၉)နာရီအတွင်း အိပ်စက်သင့်ကြောင်းအကြံပြုထားပါသည်။
 
🌃လုံလောက်စွာအိပ်ပါ
သင့်တော်သောအချိန်တွင် လုံလောက်စွာအိပ်စက်ခြင်းသည် စိတ်ကျန်းမာရေးနှင့် ကာယာကျန်းမာရေးအတွက် များစွာအရေးပါကြောင်း သုတေသနပြုချက်များကဖော်ပြနေပါသည်။ ကလေးများနှင့် ဆယ်ကျော်သက်များသည် လူကြီးများထက် အိပ်ရေးဝရန်ပို၍လိုအပ်ပါသည်။ အကြောင်းအရင်းမှာ အိပ်စက်ခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုသည် ဆက်စပ်နေသောကြောင့်ဖြစ်ပါသည်။ အိပ်ရေးပျက်ခြင်းအတွက် ကုသမှုများစွာရှိပြီး အကောင်းဆုံးလုပ်ဆောင်မှုမှာ ဆရာဝန်တစ်ဦးနှင့်ဦးစွာဆွေနွေးတိုင်ပင်သင့်ပါသည်။
 
🌃ထို့ကြောင့် လူတစ်ယောက်တွင် အိပ်စက်ခြင်းသည်အလွန်အရေးကြီးသောကြောင့် အိပ်ရေးပျက်ခြင်းဖြင့် မလိုလားအပ်သော နောက်ဆက်တွဲ ရောဂါများနှင့် အခြားပြဿနာများမဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်စွာ အိပ်သင့်ကြောင်းကို ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
 
🧑‍⚕️အိပ်စက်ခြင်းနှင့်ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးလိုပါက ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံ၏ Medical Check-Up ဌာနတွင် Sleep Disorder Check-Up များဖြင့်ကျန်းမာရေးစစ်နိုင်ပါသည်။ ထို့အပြင် Bahosi Sleep Lab ဌာနတွင် Sleep Test ပြုလုပ်ခြင်းဖြင့်လည်း ခန္ဓာကိုယ်တွင်ဖြစ်ပေါ်နေသော အိပ်စက်ခြင်းနှင့်ပတ်သက်သည့် ဇီဝကမ္မအနေအထားများကို တိုင်းတာစစ်ဆေးနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။
 
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
 
☎️Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010
🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။
 
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com