အဆိုပါရောဂါသည် ညအိပ်ပျော်နေစဥ် လေပြွန်ရှိကြွက်သားများပြေလျော့သွားကာ အသက်ရှုလမ်း ကြောင်းပိတ်သွားခြင်းဖြစ်သည်။ အသိသာဆုံးလက္ခဏာမှာ အိပ်ပျော်နေစဥ်ဟောက်ခြင်းဖြစ်သည်။ OSA တွင် ထိုအသက်ရှုရပ်ခြင်းသည် တစ်ခါရပ်လျှင် ၁၀ စက္ကန့်မှ ၁ မိနစ်ကျော်အထိဖြစ်ပေါ်နိုင်ပြီးတစ်ညလုံးတွင်အကြိမ်များစွာရာချီ၍ဖြစ်ပေါ်နေတတ်သည်။ အိပ်ပျော်နေစဥ် အသက်ရှုရပ်ခြင်း Sleep apnoea ရှိ၊မရှိကို ဆရာဝန်ညွှန်ကြားချက်ဖြင့် တစ်ညတာ Sleep Test လုပ်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်ပါသည်။ Sleep Test ဆိုသည်မှာ အိပ်ပျော်နေစဥ် စက်တပ်၍ ခန္ဓာကိုယ်တွင်ဖြစ်ပေါ်နေသာ အိပ်စက်ခြင်းနှင့်ပတ်သက်သည့်ဇီဝကမ္မ အနေထားများကိုတိုင်းတာခြင်းဖြစ်သည်။ အဓိကအားဖြင့် အိပ်ပျော်နေစဥ် အသက်ရှုရပ်/မရပ်၊သွေးတွင်း အောက်စီဂျင်ကျ/မကျ၊အသက်ရှုနှုန်း နှင့် နှလုံးခုန်နှုန်းတိုင်းတာခြင်း၊အသက်ရှုရပ်သွားပါကလည်း ရပ်သွားသည့် ကြာချိန်နှင့်ရပ်တန့်မှုအမျိုးအစား၊ အိပ်နေစဥ်နိုးမနိုး၊ ဟောက်မဟောက်၊ ခန္ဓာကိုယ်ပုံစံ အနေအထား၊ ရင်ဘတ်နှင့်ဝမ်းဗိုက်လှုပ်ရှားမှုများကို တိုင်းတာမှတ်သားထားခြင်းဖြစ်သည်။ အဆင့်မြင့်တိုင်းတာမှုများတွင် ဦးနှောက်လှိုင်းများ (EEG)၊ နှလုံးခုန်လှိုင်းများ (ECG)၊ ခြေလက်လှုပ်ရှားမှုများ၊ ခန္ဓာကိုယ်လှည့်ခြင်း စသည်တို့ကိုပါ အတိအကျတိုင်းတာမှတ်တမ်းတင်နိုင်ပါသည်။ Sleep test မှ ၁နာရီတွင် ၁၅ကြိမ်နှင့်အထက် အသက်ရှုရပ်တန့်သွားခြင်း(15 apnea or hypoapnea/hr)၊ ၁ကြိမ်ရပ်လျှင် ၁၀ စက္ကန့်နှင့်အထက်ကြာမြင့်ခြင်းတို့ဖြစ်ပါက moderate sleep apnoea/hypoapnea syndrome လို့ ခေါ်ဆိုနိုင်သည်။
ယခုအခါ OSA ရောဂါအတွက် Sleep Study စစ်ဆေးခြင်းများဖြစ်သော Level I & III များကို ဗဟိုစည်ဆေးရုံ၌ ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။
♦Phone-01-2300631(Hot Line),
♦Phone-09-940730301
♦အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။