🤲Global Handwashing Day🤲
 
အောက်တိုဘာလ (၁၅)ရက်နေ့သည် ကမ္ဘာလုံးဆိုင်ရာလက်ဆေးသောနေ့ဖြစ်ပါသည်။ 🧼ဆပ်ပြာ၊ အယ်လ်ကိုဟောပါဝင် 🧴သောလက်သန့်ဆေးရည်များဖြင့် လက်ဆေးခြင်းသည် 🦠Covid-19 ကူးစက်မှုနှင့် အချို့ကူးစက်ရောဂါများကို ကာကွယ်နိုင်ရန် ရိုးရှင်းပြီး ကုန်ကျစရိတ်သက်သာကာ ထိရောက်မှုရှိသောနည်းလမ်းတစ်ခုဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ် မှာ “Clean Hands are Within Reach” ဖြစ်ပါသည်။ Covid-19 ကူးစက်မှုနှင့် အချို့သောကူးစက် ရောဂါပျံ့နှံ့မှုများကို တားဆီးရာတွင် လက်ဆေးခြင်း၏အရေးပါမှုကို သိရှိစေရန်ရည်ရွယ်၍ ကျင်းပသော Global Handwashing Day အား ဗဟိုရ်စည်ဆေးရုံကြီး၏ဝန်ထမ်းများမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”