General Gastrointestinal Surgery

General Gastrointestinal Surgery (အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာခွဲစိတ်ကုသမှုများ)

ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ OT ဌာနတွင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် ခွဲစိတ်ကုသမှုများကို ကျွမ်းကျင်သော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ ဦးဆောင်၍ ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

ဗဟိုရ်စည်ဆေးရုံကြီး၏ OT ဌာနတွင် GI နှင့်ဆိုင်သောခွဲစိတ်ကုသနိုင်သည့်ရောဂါများမှာ

  1. အစာရေမျိုပြွန်ကင်ဆာကို ခွဲစိတ်ကုသခြင်း (CA Oesophagus)၊
  2. အစာအိမ်ရင်ခေါင်းသို့ ကျွံသောရောဂါကိုခွဲစိတ်ကုသခြင်း (Hiatus Hernia)၊
  3. အစာအိမ်ကင်ဆာ (Gastric Cancer) ၊ အူသိမ်နှင့် အူမကြီးကင်ဆာ (Intestine နှင့် Colon Cancer) ကိုခွဲစိတ်ကုသခြင်း၊ 
  4. နာတာရှည် အစာအိမ်အနာ (Chronic Gu) ၊ နာတာရှည် အူသိမ်အနာ (Chronic DU) များကို ခွဲစိတ်ကုသခြင်း၊
  5. အစာအိမ်ထွက်ပေါက်ပိတ်ခြင်း (Gastric Outlet Obstruction)၊ အူသိမ်နှင့် အူမကြီးပိတ်ခြင်း (Intestinal Obstruction) ရောဂါများကိုခွဲစိတ်ကုသခြင်း၊
  6. အူခေါက်ဝင်ခြင်း (Intussusception)၊
  7. အစာအိမ်နှင့် အူလမ်းကြောင်းနေရာတွင်ပေါက်ထွက်ခြင်း (Perforation)၊
  8. အူကျခြင်း (Hermia), အူကျွံခြင်း (Incisional Hermia)၊
  9. အူအတက်ရောင်ခြင်း (Appendicitis)၊
  10. အသဲကင်ဆာရောဂါ (CA Liver, Cholangiocarcinoma)၊
  11. သည်းခြေအိတ်အတွင်းရှိကျောင့်ကြောင့် သည်းခြေအိတ်ရောင်ခြင်း (Gallstone Cholecystitis)၊
  12. သည်းခြေအိတ်ကင်ဆာ (Gall Bladder Cancer)၊
  13. သည်းခြေပြွန်လမ်းကြောင်းအတွင်းရှိ ကျောက်ကိုခွဲစိတ်ကုသခြင်း (CBD Stone)၊
  14. မုန့်ချိုအိတ်ကင်ဆာ (CA Pancreas)၊
  15. လိပ်ခေါင်း (Piles), ဂရင်ဂျီနာ (Fistula)၊
  16. အူလမ်းကြောင်း၌ TB အနာရှိခြင်း (TB Intestine)၊
  17. ဝမ်းဗိုက်ခေါင်းအတွင်းရှိအလုံး၊ အကျိတ်များကိုခွဲစိတ်ခြင်း (Retroperitoneal Tumour)၊

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ကျွမ်းကျင်သော ခွဲစိတ်အထူးကုဆရာဝန်ကြီးများက အကောင်းဆုံးဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”