General Surgery

အထွေထွေခွဲစိတ်ကုသမှုများ( General Surgery)

ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Operation Theatre ဌာနတွင် လူနာများ၏ ဘေးကင်းလုံခြုံစိတ်ချမှုကို ဦးစားပေး၍    ပိုးမွှားကင်းစင်သော အဆင့်မြင့်ခွဲစိတ်ခန်းများတွင် နိုင်ငံတကာမှ တင်သွင်းသော ခွဲစိတ်ခန်းသုံး ခေတ်မီစက်ကိရိယာများကိုအသုံးပြုကာ အထွေထွေခွဲစိတ်မှုများကို သက်ဆိုင်ရာကျွမ်းကျင်သော ခွဲစိတ်အထူးကု ဆရာဝန်ကြီးများက ဦးဆောင်ကာ ကုသမှုပေးနေပါသည်။

ခွဲစိတ်မည့် ရောဂါအမျိုးအစားပေါ်မူတည်၍ နေ့ချင်းပြီးခွဲစိတ်ခြင်းများ၊ အသက်ကယ်အရေးပေါ် ခွဲစိတ်ခြင်းများ နှင့် အကြီးစားခွဲစိတ်ခြင်းများကို ကျွမ်းကျင်သော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ မေ့ဆေး ဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များနှင့် သူနာပြုဆရာဆရာမများဖြင့် အကောင်းဆုံး ဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”