Obstructive Sleep Apnea (OSA)

OBSTRUCTIVE SLEEP APNEA (OSA)

အဆိုပါ​ရောဂါသည် ညအိပ်​ပျော်​နေစဥ် ​​လေပြွန်ရှိကြွက်သားများ​​ပြေ​လျော့သွားကာ အသက်ရှုလမ်းကြောင်းပိတ်သွားခြင်းဖြစ်သည်။ အသိသာဆုံးလက္ခဏာမှာ အိပ်​ပျော်​နေစဥ်​ဟောက်ခြင်းဖြစ်သည်။ OSA တွင် ထိုအသက်ရှုရပ်ခြင်းသည် တစ်ခါရပ်လျှင် ၁၀ စက္ကန့်မှ ၁ မိနစ်​ကျော်အထိဖြစ်ပေါ်နိုင်ပြီး တစ်ညလုံးတွင် အကြိမ်များစွာရာချီ၍ ဖြစ်​ပေါ်​နေတတ်သည်။

OSA အဖြစ်များ​​သောလူများ

  • အမျိုးသားများ (male gender)၊
  • အဝလွန်သူများ (obesity)(လည်ပင်းတစ်ဝိုက်အဆီများသူများ)၊
  • မေးရိုးတိုသူများ/အာသီးကြီးသူများ (physical problem in your nose, throat, airway)၊
  • မျိုးရိုး​ကြောင့် ​မေးရိုးအ​​နောက်​ရောက်သူများ(recessed mandible)၊
  • သိုင်းရိုက်​ဟော်မုန်းနဲ​သော​ရောဂါရှိသူများ (hypothyroid)၊
  • ကြီးထွား​ဟော်မုန်းမညီမျှ​သော​ကြောင့်ဖြစ်​ပေါ်​သော (acromegaly) ​ရောဂါရှိသူများ တွင်အဖြစ်များ​လေ့ရှိသည်။

နောက်ဆက်တွဲ​ဆိုးကျိုးများ

ထိုကဲ့သို့ အသက်ရှုလမ်း​ကြောင်းပိတ်ပြီး မိမိဘာသာမသိလိုက်ဘဲ ကြိမ်ဖန်များစွာနိုး​နေခြင်း​ကြောင့် အိပ်​ရေးမဝဘဲ လူမှာနုံးချာပင်ပန်း​နေခြင်း၊ TV ကြည့်ရင်း ကား​မောင်းရင်းအိပ်ငိုက်ခြင်း၊ ​ကျောင်းတက်စဥ်၊ အလုပ်ခွင်၌အိပ်​ငိုက်ခြင်း၊ မနက်မိုးလင်းချိန်တွင် ​ခေါင်းကိုက်​နေခြင်းတို့ဖြစ်တတ်သည်။ ညအိပ်စဥ် အသက်ရှုလမ်း​ကြောင်းပိတ်ခြင်း​ကြောင့် ​သွေးတွင်းအောက်စီဂျင်ထိုးကျသွားပြီး နှလုံးနှင့်​သွေးလည့်ပတ်မှုစနစ်ကို ဒဏ်ဖြစ်​စေကာ ​သွေး​​ပေါင်မသိမသာတက်ခြင်း၊ သွေးတိုး​ရောဂါဖြစ်ခြင်း (hypertension)၊ နှလုံးခုန်မမှန်ခြင်း (atrial fibrillation)၊​ ရေရှည်တွင် နှလုံးညစ်အားကျလာခြင်း (reduce cardiac output)၊ နှလုံးခုန်ရုတ်တရက်ရပ်တန့်ခြင်း (sudden cardiac death)၊​ အဆုတ်တွင်​သွေးဖိအားများလာကာ(​pulmonary hypertension) နောက်ဆုံးတွင် အသက်ရှုလမ်း​ကြောင်းဆိုင်ရာပျက်စီးခြင်း (type 2 respiratory failure) ၊ လေဖြတ်ခြင်း (stroke) တို့ဖြစ်နိုင်​ခြေရာခိုင်နှုန်းပိုများ​ကြောင်း​တွေ့ရှိရပါသည်။ ထို့အပြင်မှတ်ညဏ်ပိုင်းဆိုင်ရာလက္ခဏာများ (impaired cognitive function)၊ အာရုံစူးစိုက်မှုမရခြင်း (difficulty in concentration)၊ စိတ်ပိုင်းဆိုင်ရာပြသနာများ(စိတ်တိုခြင်း irritability,စိတ်ဓါတ်ကျခြင်း depression)၊ ညဘက်မကြာခဏဆီးထထ​ပေါက်ခြင်း(nocturia)၊ ဆီးချို​သွေးချို​ရောဂါများဖြစ်ခြင်း (metabolic syndrome)၊ မိမိ​ဟောက်သံ​ကြောင့် (snoring)အတူအိပ်သူများအားအ​နှောက်အယှက်ဖြစ်ခြင်း စသည့်​နောက်ဆက်တွဲပြသနာများဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ OSA ​လူနာများသည် ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်မ​ပျော်​သော​ကြောင့် အိပ်​ဆေးများ​သောက်ခြင်း၊ အရက်​သောက်ခြင်းတို့ကို​ရှောင်ကြဥ်ရမည်။ အဘယ်​ကြောင့်ဆို​သော် အိပ်​ဆေးနှင့်အရက်များသည် ​လေပြွန်ရှိကြွက်သားများကို ​ဖြေ​လျော့​စေပြီး​ လေပြွန်ကျဥ်း​စေ​​သော​ကြောင့် အသက်ရှုလမ်း​ကြောင်းပိတ်ပြီး OSA ​ရောဂါပိုဆိုး​လေ​လေဖြစ်​သော​ကြောင့်ဖြစ်ပါသည်။

အကယ်၍OSA ​ရောဂါရှိပြီဆိုလျှင်ဆရာဝန်နှင့်တိုင်ပင်ကုသခြင်းဖြင့်​နောက်ဆက်တွဲဆိုးကျိုးများကိုတားဆီးကာကွယ်နိုင်မည်ဖြစ်သည်။

  • ကိုယ်အ​လေးချိန်​လျော့ချခြင်၊
  • အခြား​​ရောဂါများပါစစ်​ဆေးကုသခြင်း၊
  • နှာ​ခေါင်း,လည်​ချောင်း,​မေးရိုးခွဲစိတ်ကုသခြင်း၊
  • CPAP စသည့်ကိရိယာများဖြင့် ကုသခြင်းများပြုလုပ်နိုင်သည်။

ထို့အပြင် အိပ်​ပျော်​နေစဥ် အသက်ရှုရပ်ခြင်း Sleep apnea ရှိ၊မရှိကို ဆရာဝန်ညွှန်ကြားချက်ဖြင့် တစ်ညတာ sleep test လုပ်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်ပါသည်။

Sleep test or sleep study or polysomnography (အိပ်​ပျော်မှု စစ်​ဆေးခြင်း)
Sleep test ဆိုသည်မှာ အိပ်​ပျော်​နေစဥ်စက်တပ်၍ ခန္ဓာကိုယ်တွင်ဖြစ်​ပေါ်​နေသာ အိပ်စက်ခြင်းနှင့်ပတ်သက်သည့် ဇီဝကမ္မအ​နေထားများကိုတိုင်းတာခြင်းဖြစ်သည်။ အဓိကအားဖြင့် အိပ်​ပျော်​နေစဥ် အသက်ရှုရပ်/မရပ်၊​ သွေးတွင်း ​အောက်စီဂျင်ကျ/မကျ၊ အသက်ရှုနှုန်း နှင့် ​နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ အသက်ရှုရပ်သွားပါကလည်း ရပ်သွားသည့် ကြာချိန်နှင့်ရပ်တန့်မှုအမျိုးအစား ၊ အိပ်​နေစဥ်နိုး/မနိုး၊​ ဟောက်/မ​ဟောက်၊ ခန္ဓာကိုယ်ပုံစံ အ​နေအထား၊ ရင်ဘတ်နှင့်ဝမ်းဗိုက်လှုပ်ရှားမှုများကို တိုင်းတာမှတ်သားထားခြင်းဖြစ်သည်။ အဆင့်မြင့်တိုင်းတာမှုများတွင် ဦးနှောက်လှိုင်းများ (EEG)၊ နှလုံးခုန်လှိုင်းများ (ECG)၊ ခြေလက်လှုပ်ရှားမှုများ၊ ခန္ဓာကိုယ်လှည့်ခြင်း စသည်တို့ကိုပါ အတိအကျတိုင်းတာမှတ်တမ်းတင်နိုင်ပါသည်။ Sleep test မှ ၁နာရီတွင် ၁၅ကြိမ်နှင့်အထက် အသက်ရှုရပ်တန့်သွားခြင်း(15 apnea or hypopnea/hr.)၊ ၁ကြိမ်ရပ်လျှင် ၁၀ စက္ကန့်နှင့်အထက်ကြာမြင့်ခြင်းတို့ဖြစ်ပါက moderate sleep apnea/hypopnea syndrome လို့ ​ခေါ်ဆိုနိုင်သည်။

ယခုအခါ OSA ​ရောဂါအတွက် Sleep Study စစ်​ဆေးခြင်းများဖြစ်သော Level I & III များကို ဗဟိုစည်​ဆေးရုံ၌ ပိတ်ရက်မရှိ ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သတင်း​ကောင်းပါးအပ်ပါသည်။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”